ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့တွင် အသက်(၂)နှစ်အောက် ကလေးငယ်များ ထောက်ပံ့ငွေပေးအပ်

နမ့်ဆန် အောက်တိုဘာ ၁၃

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့တွင် ကိုယ်ဝန်ဆောင် မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား နိုင်ငံတော်မှ ပေးအပ်သည့်ထောက်ပံ့ ငွေများကို နမ့်ဆန်မြို့နယ် လူမှုဝန်ထမ်းဦးစီးမှူးရုံးတွင် ပေးအပ်လျက် ရှိကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေး ငယ်များကို နိုင်ငံတော်မှ တစ်လလျှင် ငွေကျပ်တစ်သောင်းခွဲနှုန်းဖြင့် သုံးလတစ်ကြိမ် ထောက်ပံ့ ပေးလျက်ရှိရာ ၂၀၂၀-၂၀၂၁ ပထမသုံးလပတ်အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ လတို့အတွက် နမ့်ဆန်မြို့နယ်အတွင်း ၂၀၂၀ ခုနှစ်အောက်တိုဘာလ ၁ ရက်နေ့မှဒီဇင်ဘာ၂၀ ရက်နေ့အထိ စာရင်း ကောက်ယူထားသည့် ကိုယ်ဝန်ဆောင်စာရင်းများထဲမှ ကိုယ်ဝန်‌ဆောင် (၇၃၃) ဦး၊ ၂၀၂၀ ခုနှစ် ဧပြီလ (၁) ရက်နေ့နောက်ပိုင်း မွေးဖွားခဲ့သော စာရင်းကောက်ယူထားသည့် အသက် (၂) နှစ်အောက် ကလေးငယ်များထဲမှ ကလေး (၇၁၄) ဦးတို့အား တစ်ဦးလျှင်ထောက်ပံ့ငွေကျပ် (၄၅၀၀၀) ကျပ်  စုစုပေါင်းထောက်ပံ့ငွေကျပ် (၆၅၁၁၅၀၀၀) ကျပ်ကို မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှူး ဒေါ်မြင့်မြင့်ဟန်က သက်ဆိုင်ရာ ကိုယ်ဝန်ဆောင်များနှင့် ကလေးငယ်များအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

နန်းဆိုင်(ပလောင်ဒေသ)