ချောင်းဆုံ အောက်တိုဘာ ၁၃
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် အခြေခံပညာကျောင်းရှိ အသက် ၁၂ နှစ် အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကိုအဆင်ပြေစွာ ထိုးနှံပေးနိုင်ရေးအတွက် ယမန်နေ့က မြို့နယ်တွင် တာဝန်ရှိသူများနှင့် ပညာရေးဌာနတို့ပူးပေါင်းပြီး ဆေးထိုးစုရပ်(၂၄) နေရာအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် အသက်(၁၂)နှစ်နှင့်အထက် အလယ်တန်းအဆင့် (၃၈၄၈)ဦး အထက်တန်းအဆင့် (၁၄၉၈)ဦးပေါင်း (၅၃၄၆)ဦး ထိုးနှံရန်အတွက် ဆေးထိုးစုရပ်များဖြစ်သည့် အထက ချောင်းဆုံ၊ အထက-သက္ကော၊ အထက မုရစ်ကလေး၊ အထက-ကွမ်သဲ၊ အထက-ကမာကေး၊ အထက ရွာလွတ်၊ အထက-ကလွီ၊ အထက-မုဒွန်း၊ အထက-ကညှော်၊ ထခွဲ-ကရင်ဝင်စိန်၊ ထခွဲ-ခရိုင်ဒူး၊ လခွဲ-ကမာမို၊ ထခွဲကွမ်ရိုက်၊ ထခွဲ-ဒရယ်၊ အလက-နှီးမုတ်၊ လခွဲ-ဖံဖ၊ လခွဲ-ဒေါင်းဥ၊ လခွဲ-ကလော့၊ လခွဲ-ဒေါင်းရပ်အနောက်၊ မူလွန်-မုရစ်ကြီး၊ မူလွန်-နတ်မှော်ဟောင်း၊ မူလွန်-ဝယ်လမ်း၊ မူလွန်(တောင်စွန်း) ဆေးထိုးစုရပ်(၂၄)နေရာ သတ်မှတ်ပြီး မြို့နယ်ကျန်းမာရေးဌာနမှ ဆေးထိုးအဖွဲ့ (၆)ဖွဲ့ဖြင့် နေ့ရက်အလိုက်ခွဲပြီး ကာကွယ်ဆေးများ ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ချောင်းဆုံ