နောင်တရားမြို့၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၉) ဦးတွေ့ရှိ

နောင်တရား အောက်တိုဘာ ၁၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရား မြို့၌ ယနေ့တွင် PCR ဖြစ်စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၉)ဦး တွေ့ရှိကြောင်း နောင်တရားမြို့ အတိုက်နယ်ပြည်သူ့ဆေးရုံမှ  သိရသည်။

အဆိုပါ Positive လူနာ(၉)ဦးကို နောင်တရားမြို့ တိုက်နယ်ပြည်သူ့ဆေးရုံနှင့် အ.ထ.ကကျောင်း ကျန်းမာရေးစောင့်ရှောက်မှု စင်တာတွင်ထားရှိပြီး ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိသည်။ ၎င်းနှင့်ထိတွေ့ခဲ့သည့် အိမ်သားများကို အခြားသူများနှင့် ထိတွေ့မှုမရှိစေရေးအတွက် Home Stay ထားရှိကာ အသွားအလာကန့်သတ် ဆောင်ရွက်ထားရှိသည်။ နောင်တရားတိုက်နယ် ဆေးရုံမှ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် နောင်တရားမြို့ပေါ်နှင့် ကျေးရွာအုပ်စုများ အတွင်းမှ ရောဂါကူးစက်ခံရသည့် ကိုဗစ်-၁၉ရောဂါ Positive လူနာစုစုပေါင်း (၂၂)ဦးကို ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပြီး ယနေ့တွင် ကျန်းမာရေး ကောင်းမွန်၍ ဆေးရုံဆင်းခွင့် ရသူ (၃)ဦးရှိကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)