ဝမ်းတွင်း အောက်တိုဘာ ၁၃
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်ကြက်ခြေနီအသင်း-ခွဲအနေဖြင့်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများတွင်စေတနာလုပ်အားရှင်များဖြင့်သတ်မှတ်ထားသောစုရပ်များအလိုက််ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းမြို့နယ်ကြက်ခြေနီအသင်းခွဲအတွင်းရေးမှုးဦးအောင်မိုးထံမှသိရသည်။
ဝမ်းတွင်းမြို့နယ်အတွင်း အသက်(၆၅)နှစ်အထက်ပြည်သူများနှင့် Vaiunteerများအားကိုဗစ် ၁၉ ရောဂါကာကွယ်ဆေး Sinopharmများထိုးနှံပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ် ကြက်ခြေနီအသင်း-ခွဲ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှနေ့စဉ် စေတနာ လုပ်အားရှင် (၁၅)ဦးဖြင့်ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။ ကြက်ခြေနီစေတနာလုပ်အား ရှင်များအနေဖြင့်ကာကွယ် ဆေးထိုးခြင်းလုပ်ငန်းများမဆောင်ရွက်မှီကပင် ဆေးထိုးစုရပ် ခန်းမအတွင်းအပြင်သန့်ရှင်းရေး ဆောင်ရွက်ပေးခြင်း၊ ပိုးသတ်ဆေးများဖြန်းခြင်းများ ဆောင်ရွက်ခဲ့ပြီး ကာကွယ်ဆေးထိုးနေ့ရက်များတွင်လို အပ်သည်များကိုကူညီ ဆောင်ရွက် ပေးခြင်း၊ သက်ကြီးရွယ်အိုအဖိုးအဖွားများ ကာကွယ်ဆေးထိုးရာတွင်အဆင်ပြေစေရန် လိုအပ်သည်များကိုဆောင်ရွက်ပေးတဲ့အပြင် ကွယ်ဆေးထိုးလုပ်ငန်းများ ဆောင်ရွက်ပြီးတဲ့ အချိန်မှာလဲ ခန်းမအားသန့်ရှင်းရေးဆောင်ရွက်ပေးခြင်းများ ပြုလုပ်ပေးလျက်ရှိကြောင်း မြို့နယ်ကြက်ခြေ နီအသင်း-ခွဲ၊အတွင်းရေးမှုးဦးအောင်မိုးထံမှသိရသည်။
ဝမ်းတွင်းမြို့နယ်ကြက်ခြေနီအသင်း-ခွဲအနေဖြင့်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများတွင် ကြက်ခြေနီအသင်းကြီး၏ အခြေခံမူ(၇)ချက်နှင့်အညီ လူမှုဂရု ဏာလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ မိတ်ဖက်လူမှုရေး အသင်း အဖွဲ့များနှင့်အတူပေါင်း စပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)