ဆွမ်ပရာဘွမ် အောက်တိုဘာ ၁၃
ကချင်ပြည်နယ်၊ပူတာအိုခရိုင်၊ဆွမ်ပရာဘွမ်မြို့၌ကာကွယ်ဆေးလွှမ်းခြုံအပ်သောအနာဂတ်ပန်းခင်းများဆီသို့ဆိုင်းဘုတ်စိုက်ထူခြင်းနှင့်Mask Campaignပြုလုပ်ခြင်းကိုအောက်တို ဘာ၁၃ရက်နံနက်၉နာရီ အချိန်ကမြို့ ပေါ်၃ရပ်ကွက်အတွင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဆွမ်ပရာဘွမ်မြို့တွင်မြို့နယ် ကိုဗစ်-၁၉စည်းကမ်းချက်များနှင့်အညီ ကာကွယ်ဆေးဖြင့် လွှမ်းခြုံအပ်သော အနာဂတ်ပန်းခင်းများဆီသို့ ခေါင်းစဉ်ပါဆိုင်းဘုတ်တွင် အသက်၁၂နှစ်နှင့်အထက် ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးကြစို့ စသည့် အကြောင်းအရာများပါ ဆိုင်းဘုတ်စိုက်ထူခြင်း၊ မြို့တွင်း စားသောက်ဆိုင်များ၊ ကုန်စုံဆိုင်များ၊ စည်ပင်စျေးများ၊ လမ်းမပေါ်တွင်သွားလာကြသော ပြည်သူများအား Mask Campaign လည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးလွှမ်း ခြုံအပ်သောအနာဂတ်ပန်းခင်းများဆီသို့ ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် Mask Campaign ပြုလုပ်ခြင်းလုပ်ငန်း၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့်အဖွဲ့ဝင်များ၊ ပညာရေး ဌာနများ၊ မီးတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများနှင့် အမျိုးသမီးရေးရာ အဖွဲ့များ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Henry Miko sa