မိုင်းဆတ်မြို့၌ ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကျင်းပ

မိုင်းဆတ်    အောက်တိုဘာ    ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို  ယမန်နေ့ နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်က ဒေသဖွံ့ဖြိုးရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ရေး၊ အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ကျောင်းဖွင့်ချိန်အမီ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး၊ အမှာစကား ပြောကြားသည်။

ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးလှိုင်က မြို့တွင်းလုံခြုံရေးဆောင်ရွက်နေမှု၊ မြို့နယ် ဆရာဝန်ကြီး ဒေါက်တာအောင်ဇေယျက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုနှင့် စပ်လျဉ်း၍ ဆွေးနွေး တင်ပြပြီး မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးပြည့်ဖြိုးလင်းက လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ပေးနေမှု၊ ကြိုးဟောင်းများအသစ်လဲလှယ်တပ်ဆင်နေမှုနှင့် အစည်းအဝေး တက်ရောက်လာသည့် ဌာနဆိုင်ရာ တာဝန်ရှိသူတို့က ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေး တင်ပြခဲ့ကြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအားလွန်က ကိုဗစ်-၁၉ ရောဂါကာကွယ် တားဆီးရေး လုပ်ငန်းဆောင်ရွက်နေမှုနှင့် စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြင့်မောင် (မိုင်းဆတ်)