မချမ်းဘော့ အောက်တိုဘာ ၁
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့တွင် ဉပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင် ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မချမ်း ဘော့မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် "ပန်းခင်း"စီမံချက်ဖြင့် အောက်တိုဘာလ(၁၂)ရက်နေ့ နံနက် (၉)နာရီက မချမ်းဘော့မြို့ မြို့မရပ်ကွက်(၃)၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးညီညီနှင့်ဝန်ထမ်းများသည် ပန်းခင်းစီမံချက်နှင့်အညီ ရပ်ကွက်ရှိပြည်သူများအား အိမ်ထောင် စုစစ်ဆေး(၄၇)စု၊ ရှေ့ပြေးဖြည့်သွင်းမှု (၆)ဦး၊ နိုင် နံပါတ်ဖြည့်သွင်းမှု (၂၀)ဦး၊ နိုင်-၃(က)ဆောင်ရွက်မှု (၅)ဦး၊ နိုင် - ၆(က) ဆောင်ရွက်မှု (၁)ဦး နှင့် ဓါတ်ပုံ ရိုက်ပြီး ဦးရေ (၅)ဦး တို့ကိုဆောင်ရွက်ပြီးစီးကြောင်းသိရသည်။
အဆိုပါဆောင်ရွက်မှုကို မချမ်းဘော့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌဦးဝေယံမင်းသွင်နှင့် အမျိုးသမီးရေးရာ ဥက္ကဋ္ဌ ဒေါ်ခိုင်ယုယုကျော်နှင့် အဖွဲ့ဝင်များလိုက်ပါလျက် ကိုဗစ် -၁၉ ရောဂါကာကွယ်ရေးစည်းကမ်း ချက်များနှင့်အညီ ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။