ဟိုပန် အောက်တိုဘာ ၁၃
ဟိုပန်မြို့၌ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းအပ်နှံပြီးသည့် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး ပထမအကြိမ်ထိုးနှံနိုင်ရေးနှင့် ကျောင်းသားမိဘများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်အတွက် ကျောင်းနေ အရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင် ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးကြပါစို့ အသိပညာပေးဆိုင်းဘုတ်အား ယနေ့နံနက် (၁၀) နာရီအချိန်က ဟိုပန်မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဉက္ကဋ္ဌ ဦးရဲဝင်းထိုက်နှင့်အဖွဲ့ဝင်များ၊ တိုင်း/ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့မှ လွတ်လပ်ရေးကျောက်တိုင်နှင့် မြို့လယ်အဝိုင်းတို့တွင် စိုက်ထူပေး ခဲ့သည်။
ထို့နောက် ဟိုပန်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန် ရေး ကော်မတီဉက္ကဋ္ဌမှ ကြီးကြပ်၍ အဖွဲ့ဝင်များသည် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/ ကျောင်းသူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် အသိပညာပေးလက်ကမ်း စာစောင်များကို ဟိုပန်မြို့ယာယီပျံကြဈေးနှင့် လမ်းသွားလမ်းလာ ပြည်သူများအားဖြန့်ဝေ ပေးခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ အသံချဲ့စက်ဖြင့် မြို့ပေါ်ရပ်ကွက်များသို့ လိုက်လံအသိပေး နှိုးဆော်ခဲ့သည်။
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့တွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းနေကလေး များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို စုရပ်(၅) နေရာသတ်မှတ်ကာ အောက်တိုဘာလအတွင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဉက္ကဋ္ဌထံမှ သိရသည်။
စိုင်းနိုင်လင်း