ဇေယျာသီရိ အောက်တိုဘာ ၁၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့တွင် ကိုဗစ်-၁၉ ရောဂါ နှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်လာစေရေး အတွက် နေပြည်တော်ကောင်စီ၏ လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ အသိပညာပေး လက်ကမ်းစာစောင်များနှင့် ဗီနိုင်းပိုစတာများ ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက ပြည်စံအောင် (အ.ထ.က)ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
ထို့သို့ လက်ကမ်းစာစောင်များနှင့် ဗီနိုင်းပိုစတာများ ဖြန့်ဝေရာတွင် ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးတွင် လိုက်နာရမည့် စည်းကမ်းချက်များ သိရှိ၍ပူးပေါင်း ဆောင်ရွက်လာနိုင်စေရန် ကိုဗစ်ကာကွယ်ဆေး လာရောက်ထိုးနှံသည့် ကျောင်းသား/သူများ အား အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး ကာကွယ်ဆေးထိုးစုရပ် နေရာများတွင် ကာကွယ်ဆေးဖြင့် လွှမ်းခြုံအပ်သော အနာဂတ်ပန်းခင်း များဆီသို့၊ ကာကွယ်ဆေး မထိုးနှံပေးရမည့် ကျောင်းသား/သူများ ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး၏ နောက်ဆက်တွဲ ပြဿနာများပါဝင်သော အချက်အလက် ဗီနိုင်းပိုစတာများကို ကပ်ထား ပေးခဲ့သည်။
အဆိုပါ လက်ကမ်းစာစောင်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်မည့်နည်းလမ်းများ၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာ ပျော်ရွှင်စွာ ပညာသင်ကြားဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးကြပါစို့ လက်ကမ်းစာစောင်များနှင့် ပိုစတာများဖြစ်ကြောင်း သိရသည်။
အေးလင်းထွန်း