မိုင်းပျဉ်းမြို့၌ မြစိမ်းရောင်ကျေးရွာ အရင်းမပျောက်လည်ပတ်ရံပုံငွေ ကျပ်သိန်း (၄၀၀) ထုတ်ချေးပေး

မိုင်းပျဉ်း အောက်တိုဘာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနသည် ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာ အရင်းမပျောက်လည်ပတ်ရံပုံငွေ ကျပ်သိန်း (၄၀၀) အား ယနေ့နံနက် (၁၀) နာရီအချိန်က အဆိုပါရုံး၌ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ထိုသို့ထုတ်ချေးပေးရာတွင် မိုင်းပျဉ်းမြို့နယ်၊ ဖာဝေါကျေးရွာအုပ်စု၊ ထမ်မောင်း(ထက်+အောက်) ကျေးရွာနှင့် ပုံခက်ကျေးရွာ၌ ၂၀၁၇-၂၀၁ဘဏ္ဍာနှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်သည့် မြစိမ်းရောင်ကျေးရွာအရင်းမပျောက် လည်ပတ်ရံပုံငွေ ကျပ်သိန်း (၄၀၀) အား အဆိုပါကျေးရွာများရှိ မြစိမ်းရောင်ကျေးရွာ ကော်မတီဝင်များထံသို့  မြို့နယ်ကျေးလက်ဒေသ ဖွံဖြိုး တိုးတက်ရေးဦးစီးမှူး ဦးစိုင်းလောင်မှိုင်း ကြီးကြပ်မှုဖြင့် ထုတ်ချေးပေးခဲ့သည်။

အဆိုပါချေးငွေများကို ကျေးရွာကော်မတီဝင်များထံမှတဆင့် ဖာဝေါကျေးရွာအုပ်စု၊ ထမ်မောင်း (ထက်+အောက်) ကျေးရွာနှင့် ပုံခက်ကျေးရွာရှိ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ (၂၂) ဦးအား ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)