သီပေါမြို့နယ်တွင် မသန်စွမ်းသူများ ပြုစုစောင့်ရှောက်ရေး အသိပညာပေး ဆွေးနွေးပွဲ Talk Show ပြုလုပ်ဆောင်ရွက်

သီပေါ     အောက်တိုဘာ      ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မသန်စွမ်း သူများ ပြုစုစောင့်ရှောက်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက်ပိုင်းက မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

အသိပညာပေး ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ခင်နီလာစိုးက အသိပညာပေးဆွေးနွေးပွဲ (Talk Show)များ ပြုလုပ်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာန ဦးစီးမှူး ဒေါ်စန်းစန်းသွယ်က  လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်နေသော လုပ်ငန်း(၇) ရပ်တွင် မသန်စွမ်းသူများ ပြုစုစောင့်ရှောက်ရေး လုပ်ငန်းသည် တစ်ခု အပါအဝင် ဖြစ်ကြောင်း၊ မသန်စွမ်းအမျိုးအစား(၄)မျိုးနှင့် ပတ်သက်သည့် အကြောင်း အရာများ၊မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေများ၊ မသန်စွမ်းသူများအပေါ် ခွဲခြားဆက်ဆံခြင်း၊ အနိုင်အထက်ပြု ကျင့်ခြင်းများ ရှိခဲ့လျှင်ဥပဒေအရ ကာကွယ်ပေးနိုင်မှု၊ မသန်စွမ်းသူများ ရသင့်ရထိုက်သော အခွင့်အရေးများရရှိရန် ပြဋ္ဌာန်းထားသော ဥပဒေများအကြောင်း စသည့်အကြောင်း အရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ခင်လေး (သီပေါ၊ ပြန်/ဆက်)