နမ့်ခမ်းမြို့၌ တိုင်ပွဲရှောင် (IDPs) စခန်းများရှိ ပြည်သူများ (၂၃၅) ဦး အား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

နမ့်ခမ်း     အောက်တိုဘာ      ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်း ဖြစ်သည့် ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်း (၉) နာရီအချိန် တိုက်ပွဲရှောင် (IDPs) စခန်းများရှိ ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးကြောင်း သိရသည်။

နမ့်ခမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် ရောဂါကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မိသားစုဝင်များ စုဝေးနေထိုင်သည့် မြို့ပေါ်ရှိ တိုက်ပွဲရှောင်(IDPs)စခန်းများတွင်လည်း အဓိကနေရာများ ဖြစ်သည့်အတွက် ယနေ့ နံနက်ပိုင်း (၉)နာရီအချိန် နမ့်ခမ်းမြို့ရှိ ကျားဖြူခန်းမနှင့် အ.ထ.က(၁)၊ ကျောင်းခန်းမတို့၌ တိုက်ပွဲရှောင် (IDPs)စခန်းများဖြစ်သည့် နေဝန်းနီ(၁၁၄)ဦး၊ စိန်သောမတ်(၅၁)ဦး၊ ဂျော်(၁) (၆၉)ဦးနှင့် ဂျော်(၂) (၁)ဦး စုစုပေါင်း တိုက်ပွဲရှောင်ပြည်သူများ (၂၃၅)ဦးအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့သည်။

နမ့်ခမ်းမြို့ရှိ တိုက်ပွဲရှောင်(IDPs)စခန်းများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန် အကျုံးဝင်သည့် ပြည်သူများ (၄၉၇)ဦး ရှိသည့်အနက် (၂၃၅)ဦးသာ ကာကွယ်ဆေး ထိုးနှံနိုင်ခဲ့ ပြီး ကျန်ရှိသည့် တိုက်ပွဲရှောင်ပြည်သူများ (၂၆၂)ဦးကိုလည်း ရောဂါကာကွယ်ဆေး ထိုးနှံပေးနိုင် ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဘဦး (နမ့်ခမ်း)