မြစ်သားမြို့နယ်အတွင်း အသက်(၁၂)နှစ်အထက်ကျောင်းသား၊ ကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံဖို့ စီစဉ်ဆောင်ရွက် ထားရှိမှုများနှင့် ပတ်သက်၍ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်ဟန်နှင့် တွေ့ဆုံမေးမြန်းခြင်း

မြစ်သား   အောက်တိုဘာ   ၁၃

မန္တလေးတိုင်းဒေသကြီး၊မြစ်သားမြို့နယ်အတွင်း အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူ များအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံဖို့ စီစဉ်ဆောင်ရွက်ထားရှိမှုနှင့် ပတ်သက်၍ ဒုတိယ မြို့နယ်ပညာရေးမှူး ဦးကျော်ဟန်နှင့် တွေ့ဆုံမေးမြန်းချက်များအား ရေးသားဖော်ပြအပ်ပါသည်-

မေး။    မင်္ဂလာပါဆရာကြီးရှင့်။ နိုင်ငံတော်အစီအစဉ်နဲ့ နိုင်ငံတဝှမ်းမှာရှိတဲ့ အခြေခံပညာကျောင်း တွေမှာ ပညာသင်ကြားနေတဲ့အသက်(၁၂)နှစ်အထက်ကျောင်းသား၊ ကျောင်းသူတွေကိုမကြာခင်မှာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးသွားမှာဖြစ်လို့ မြစ်သားမြို့နယ်ပညာရေးဌာနအနေနဲ့  ဘယ်လိုစီစဉ်ဆောင်ရွက်ထား 

ပါသလဲရှင့်။

ဖြေ။      ကျွန်တော်ကတော့ဒုတိယမြို့နယ်ပညာရေးမှူးဦးကျော်ဟန်ဖြစ်ပါတယ်။ကျွန်တော်တို့ မြစ်သားမြို့နယ်အနေနဲ့ အခြေခံပညာအထက်တန်းကျောင်း၊ အထက်တန်းကျောင်းခွဲ၊ အလယ်တန်းကျောင်း၊အလယ်တန်းကျောင်းခွဲ စုစုပေါင်း (၂၈)ကျောင်း၊ မူလွန်(၂၀)ကျောင်း ရှိပါတယ်။  ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး  ဆေးထိုးစုရပ်(၅)နေရာ   စီစဉ်ထားရှိပြီး အထက(ကူမဲ) ကျောင်းမှာ (၁၆) ကျောင်း၊  အထက (ရွာခိုင်ကြီး) ကျောင်းမှာ(၁၁)ကျောင်း၊ အထက(မြို့မ) ကျောင်းမှာ(၉)ကျောင်း၊ အထက(ခွဲ) မင်းဝန် ကျောင်းမှာ(၆)ကျောင်း၊ အထက(ဒါးရဲကောင်း) ကျောင်းမှာ(၆) ကျောင်း စီစဉ်ဆောင်ရွက်ထားရှိပြီး ကျောင်းအုပ်ကြီး များကို အသက် (၁၂)နှစ်အထက်ကျောင်းသား၊ ကျောင်းသူစာရင်းရရှိဖို့ အတွက်  မွေးသက္ကရာဇ်တိုက်ဆိုင်  စစ်ဆေးမှုပြုလုပ်ပြီး ရရှိတဲ့စာရင်းတွေကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများပူးပေါင်း၍ စီစဉ်ဆောင်ရွက်ထားပါတယ်။  ကာကွယ် ဆေးထိုးမည့်ရက်အားကျန်းမာရေးဝန်ကြီးဌာန၏ညွှန်ကြားချက်များနှင့်အညီ စတင်ထိုးနှံ ပေးသွားမည်ဖြစ်ပြီး ပညာရေးဝန်ထမ်းများအား စနစ်တကျထိုးနှံနိုင်ရေးအတွက် ကြိုတင် ဆွေးနွေးထားပြီးဖြစ်ပါတယ်။

မေး။     အသက်(၁၂)နှစ်အထက်ကျောင်းသား၊ကျောင်းသူတွေကိုကိုဗစ်-၁၉ကာကွယ်ဆေးထိုးနိုင်ဖို့ အတွက်ပညာရေးဌာနနှင့်အတူအခြားဌာနဆိုင်ရာတွေနဲ့ရောဘယ်လိုပူးပေါင်းဆောင်ရွက်မှုတွေစီစဉ်ဆောင်ရွက်ထားပါသလဲရှင်။

ဖြေ။    မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ဦးဆောင်လမ်းညွှန်မှု၊ ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့ဝင်များ စသည့်တို့က ပူးပေါင်းပါဝင်ဆောင်ရွက်ကြမှာဖြစ်ပါတယ်။

မေး။   ဆရာကြီးတို့ပညာရေးဝန်ထမ်းအားလုံး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးပြီးသွားပြီ လားရှင့်။

ဖြေ။     ကျွန်တော်တို့ ပညာရေးဝန်ထမ်းအားလုံးထိုးနှံပြီးသွားပြီလို့ဆိုနိုင်ပါတယ်။ ကိုဝန်ဆောင် မိခင်နှင့် နို့တိုက်မိခင်များကလွဲလို့ ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံပြီး ဖြစ်ပါတယ်။ ကျန်ခဲ့သူများ ကိုလဲကိုဗစ်-၁၉ကာ ကွယ် ဆေးထိုးနှံသွားဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။

မေး။    မြစ်သားမြို့နယ်အတွင်းမှာရှိတဲ့အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူဦးရေ ကိုလဲသိ ပါရစေရှင်။

ဖြေ။    မြစ်သားမြို့နယ်အတွင်းမှာ ကာကွယ်ဆေးထိုးနှံပေးဖို့လျားထားတဲ့အသက်(၁၂)နှစ်အထက် ကျောင်း သား၊ကျောင်းသူဦးရေ(၄၅၁၀)ဦးရှိပါတယ်။

မေး။    ကျောင်းသား၊ ကျောင်းသူတွေကို ကာကွယ်ဆေးထိုးနှံဖို့အတွက် အသိပေး ဆောင်ရွက်ချက် များနှင့်ကျောင်းတွေမှာ ကိုဗစ်-၁၉ကာကွယ်ရေးလုပ်ငန်းတွေကို ဘယ်လိုဆောင်ရွက်ထားပါ သလဲရှင့်။           

ဖြေ။    နိုင်ငံတော်အစီအစဉ်နဲ့  အသက်(၁၂)နှစ်  အထက် ကျောင်းသား၊ ကျောင်းသူတွေကို ကိုဗစ်-၁၉  ကာ ကွယ်ဆေးထိုးနှံဖို့အတွက်  မိဘတွေကို  အသိပညာပေးဖို့ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ဆရာ၊ ဆရာမများပူးပေါင်းပြီး အသိပညာပေးဖို့ ဆောင်ရွက်ပါ တယ်။  ကာကွယ်ဆေး  ထိုးနှံခြင်းဖြင့်  ရရှိမည့်အကျိုးကျေးဇူးတွေ၊ ဆေးထိုးပြီးနောက် ဖြစ်နိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ  မဖြစ်အောင်စနစ်တကျ ထိုးနှံပေးသွားမှာ ဖြစ်ကြောင်း၊ မိဘတွေသိရှိနားလည်အောင်ရှင်းပြပါတယ်။ ကိုဗစ်ကာကွယ်ဆေးထိုး လုပ်ငန်း  အတွက်  အခြေခံပညာကျောင်းတိုင်းတွင် လက်ဆေးဘေစင်၊  နှာခေါင်းစည်းများ၊ လက်သန့် ဆေးရည်စသည့် ကိုဗစ်ကာကွယ်ရေးသုံးပစ္စည်းများ၊ အသိပညာပေးလက်ကမ်းစာစောင်နှင့် ပိုစတာများဖြန့်ဝေထားပြီးအသုံးပြု တတ်အောင်လေ့ကျင့်ပေး ထားပါတယ်။

မေး။   ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနိုင်မှုအပေါ် ဆရာကြီး၏ ပီတိစကားသံကိုလည်း ပြောပေးပါဦးရှင်။

ဖြေ။    ကိုဗစ်  ကာကွယ်ဆေးထိုးမှ သာလျှင်  ကိုဗစ်ကပ်ရောဂါကူးစက်မှုအန္တရာယ်ကို  ခံနိုင်ရည် ရှိမှာဖြစ်ပါ

တယ်။ ကာကွယ်ဆေးထိုး ထားခြင်းအားဖြင့် ကူးစက်ခဲ့လျှင်တောင်   ရောဂါဝေဒနာ  သိပ်မခံစားရ တော့ဘူး။ကျောင်းသား၊ ကျောင်းသူများ၏ သင်ယူမှုအခွင့်အလမ်းတွေ မဆုံးရှုံးတော့ဘူး။ နိုင်ငံတော်က အခုလို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးမယ်ဆိုတော့ အတိုင်းမသိဝမ်းသာမိတာပေါ့။ ကျွန်တော်တို့ရဲ့ ကျောင်းသား၊ ကျောင်းသူတွေ ဟာ နိုင်ငံတော်က အားထားရပြီး အနာဂတ်ရဲ့ကြယ်ပွင့်လေးတွေဖြစ်တဲ့အတွက် ကိုဗစ်-၁၉ ရောဂါဆေးထိုးပေးမှုကို ကျောင်းသားမိဘများ၊ ကျောင်းသား၊ကျောင်းသူများ ကိုယ်စား နိုင်ငံတော်အစိုးရကိုလည်း ကျေးဇူးတင်ပါတယ်။ ကျောင်းတွေပြန်ဖွင့်လာရင် အေးချမ်းစွာ ပညာသင်ကြားနိုင်ဖို့ နိုင်ငံတော်က ထိုးပေးတဲ့ ကာကွယ်ဆေးကို မဖြစ်မနေ မဖြစ်မနေထိုးနှံကြဖို့အတွက်မိဘများအနေနဲ့လည်းဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြပါလို့ တိုက်တွန်းပြောကြား လိုပါတယ်။

မြမြမွန်