“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေး အဖွဲ့၏ ထောက်ပံ့ခြင်း အစီအစဉ်အရ အခြေခံ စားသောက်ကုန်များကို ထောက်ပံ့ပေးအပ်

ပန်လုံ    အောက်တိုဘာ   ၁၂

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့၌ ယနေ့နံနက် ၁၀ နာရီအချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် အသက်(၇၀)နှစ်နှင့်အထက် အိမ်ထောင်ဦးစီးသေဆုံးသည့် အမျိုးသမီးများအား “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေး
အဖွဲ့၏ ထောက်ပံ့ခြင်း အစီအစဉ်အရ အခြေခံစားသောက်ကုန်များကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ပေးအပ်ပွဲတွင် မြို့အုပ်ချုပ်ရေးမှူး ဦးအာကာထွန်းသိန်းက ထောက်ပံ့ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အမျိုးသမီးတစ်ဦးလျှင် ဆန်(၆)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ကြက်သွန်နီ(၅၀)ကျပ်သား၊ ကုလားပဲ(၅၀)ကျပ်သားနှင့်ကြက်ဥ(၁၀)လုံးနှုန်းဖြင့် ပန်လုံ မြို့ပေါ်(၈)ရပ်ကွက်နှင့်ကျေးရွာအုပ်စုများမှ (၁၁၃)ဦးအားထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ထောက်ပံ့ပေးအပ်ပွဲသို့ မလာရောက်နိုင်သူများကို အိမ်တိုင်ရာရောက် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း မြို့အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ပန်လုံ (ပြန်/ဆက်)