ပင်လုံမြို့တွင် ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ(၃) ဉီးထပ်မံစစ်ဆေးတွေ့ရှိ

ပင်လုံ အောက်တိုဘာ ၁၃

 ပင်လုံမြို့၊ ပြည်သူ့ဆေးရုံတွင် ယနေ့နံနက်ပိုင်းအချိန်က RDT Test Kit ဖြင့် စစ်ဆေးမှုအရ အမျိုးသမီး(၂)ဉီးနှင့် အမျိုးသား(ကလေး) (၁)ဉီး၊ စုစုပေါင်း(၃)ဉီးထံတွင် ကိုဗစ်-၁၉ရောဂါ ပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိသူများမှာ နေမကောင်း၍ ၁၃-၁၀-၂၀၂၁ ရက်နေ့က ပင်လုံမြို့ ပြည်သူ့ဆေးရုံသို့ လာရောက်ပြသသည့် ပင်လုံမြို့ ရပ်ကွက် (၄)၊ ရောင်ခြည်ဦး လမ်းတွင်နေထိုင်သည့် အသက် (၃၁)နှစ် အရွယ်အမျိုးသမီး (၁)ဉီး၊ အသက်(၄၅)နှစ်အရွယ် အမျိုးသမီး(၁)ဦး၊ အသက်(၁၀)နှစ်အရွယ် ကလေး(ကျား)(၁)ဉီး စုစုပေါင်း (၃) ဉီးတို့ဖြစ်ကြောင်း ပင်လုံမြို့ကျန်းမာရေးဉီးစီးဌာနထံမှ သိရသည်။

ပင်လုံ ပြန်/ဆက်