သထုံ အောက်တိုဘာ ၁၃
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဒေသတွင်းရှိ လူမူကူညီရေးပရဟိတအဖွဲ့များထံ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို ယမန်နေ့ နံနက်ပိုင်း က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇင်မောင်မောင် က လူမှုရေးအသင်းအဖွဲ့များအနေဖြင့် ဒေသတွင်း ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများကို ပြည်သူ့အကျိုးပြုလုပ်ငန်းများကို တက်ကြွစွာဆောင်ရွက်နေကြသည်ကို ဝမ်းမြောက်ပါကြောင်း ဆောင်ရွက်ရာတွင် အသင်းအဖွဲ့ဥပဒေနှင့်အညီ လှုပ်ရှားဆောင်ရွက်ရန်၊ မတရားအသင်းအဖြစ် ကြေငြာထားရှိသည့် အကြမ်းဖက်အဖွဲ့များနှင့်ပတ်သက်မှုမရှိရန်နှင့် အသင်းအဖွဲ့ပိုင်ယာဉ်များအား ကိုယ်ရေးကိုယ်တာကိစ္စများတွင် အသုံးမပြုဘဲ လူမှုကယ်ဆယ်ရေးကိစ္စများတွင်သာ အသုံးပြုကြရန် စသည်တို့ကို ဆွေးနွေးအမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လူမှုကူညီရေးအဖွဲ့များထံ PPE ဝတ်စုံ၊ လက်သန့်ဆေး၊ Mask စသည့် ကိုဗစ်-၁၉ ကာကွယ်ရေးသုံး အထောက်အကူပြုပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သထုံ