ကျောက်ပန်းတောင်းမြို့နယ်ရသေ့တောင်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း  အရင်းမပျောက်လည်ပတ်ရန်ပုံငွေသတ္တမအကြိမ်မြောက် ထုတ်ချေးပေး

ကျောက်ပန်းတောင်း အောက်တိုဘာ  ၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တယ်ပင်တဲ ကျေးရွာအုပ်စု၊ ရသေ့တောင်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ သတ္တမအကြိမ် မြောက်ထုတ်ချေးခြင်းကို၊ ယနေ့ နံနက်(၈)နာရီ က အဆိုပါကျေးရွာရှိ မြစိမ်းရောင်ရန်ပုံငွေကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ နေအိမ်၌ ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ်ချက်များနှင့် အညီ ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် စတင်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ရာ၊ စီမံကိန်းစတင်ချိန်မှစ၍ လုပ်ငန်းအောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့သည့် ရသေ့တောင်ကျေးရွာကို၊ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ သတ္တမအကြိမ်မြောက် ထုတ်ချေးပေးခြင်းဖြစ်ကြောင်းနှင့် ထုတ်ချေးပေးရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းက စီမံကိန်းလုပ်ငန်းဆိုင်ရာများ ဆွေးနွေးမှာကြားပြီး၊ တာဝန်ရှိ ဝန်ထမ်းများက စီမံကိန်းရန်ပုံငွေများကို အသင်းသား အိမ်ထောင်ဦးစီးများထံ တစ်ဦးချင်းထုတ်ချေးပေး ကြသည်။ အဆိုပါ အခမ်းအနားတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကော်မတီ နာယက များနှင့် စီမံကိန်း ကော်မတီဝင်များ၊ အသင်းသား/အသင်းသူများ စုစုပေါင်း(၃၀)ဦးတက်ရောက်ခဲ့ကြသည်။အဆိုပါ ရသေ့ တောင်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံ ငွေဖြင့် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ(၉၈)ဦး နှင့်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ(၁)ဦး စုစုပေါင်း(၉၉)ဦးတို့အား လုပ်ငန်းများ ပိုမို တိုးချဲ့ လုပ်ကိုင်ပြီး လူမှုစီပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စီမံကိန်းရန်ပုံငွေ ကျပ်သန်း (၄၇.၈)သန်း ထုတ်ချေး ပေးခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းကပြောသည်။

နေအောင်(ပြန်/ဆက်)