အသက်(၁၂)နှစ်ပြည့်ပြီးသူ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac  ထိုးနှံပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိ

ပင်းတယ အောက်တိုဘာ ၁၂

မြန်မာနိုင်ငံတစ်ဝှမ်းရှိ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်ရာ ရှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်ပြည့်ပြီး သည့် ကျောင်းသား ကျောင်းသူများအား အောက်တိုဘာလအတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသွားမည် ဖြစ်သည်။

ကာကွယ်ဆေးထိုးနှံဆောင်ရွက်ရာတွင် မြို့နယ်ကာကွယ်ဆေးထိုးနှံရေး ကော်မတီ၏ လမ်းညွှန်မှုဖြင့် ကျန်းမာရေးဌာနနှင့် မြို့နယ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ အရပ်ဖက် လူမှုရေး အသင်းအဖွဲ့များ၏ ဝိုင်းဝန်းကူညီမှုဖြင့် ကာကွယ်ဆေးထိုးနှံမည့် နေရာစုရပ်(၈)ခု သတ်မှတ်၍ အစိုးရစာသင်ကျောင်းများ၊ ပုဂ္ဂလိကစာသင်ကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ကျောင်းသားများကိုပါ ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်သည်။

ယခုထိုးနှံပေးမည့် ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေးမှာ Sinovac အမျိုးအစားဖြစ်ပြီး၊ ပင်းတယမြို့နယ်အတွင်း အထက်တန်းအဆင့်ကျောင်းပေါင်း( ၉) ကျောင်း၊ အလယ်တန်းအဆင့် ကျောင်းပေါင်း (၃၃) ကျောင်း၊ စုစုပေါင်း (၄၂) ကျောင်းမှ ကျောင်းသားဦးရေ (၂၇၈၃) ကျော်အား ကာကွယ်ဆေးများ ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပင်းတယ (ဒေသပြန်/ ဆက်)