ရန်ကင်း၌ သန့်ရှင်းလတ်ဆတ်သော အသား/ငါးများနှင့် အခြေခံစားသောက်ကုန်များကို စျေးနှုန်း ချိုသာစွာ ဖြင့်လာ ရောက်ရောင်းချပေး

ရန်ကင်း  အောက်တိုဘာ   ၁၃

ရန်ကုန် တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၊ အမှတ်(၁၅)ရပ်ကွက်ရှိ ဘောက်ထော်စျေးတွင် မိဘပြည်သူများအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း ပြည်သူများစားဝတ်နေ ရေးအဆင်ပြေစေရန်နှင့် သန့်ရှင်းလတ်ဆတ်သော အသား၊ ငါးနှင့်အခြေခံ စားသောက်ကုန်များ စျေးနှုန်းချိုသာစွာဖြင့်ဝယ်ယူစား သုံးနိုင်ရန်အတွက် အသား၊ ငါးနှင့် ဆန်၊ ဆီ၊ ကြက်ဥများကို ယမန်နေ့ နံနက် (၈)နာရီ အချိန် ကရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် လာရောက် ရောင်းချပေးခဲ့သည်။

အဆိုပါ စျေးရောင်းချနေမှုအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ရောင်းချပေးရာ သန့်ရှင်းလတ်ဆတ်သော အသား/ငါးနှင့်အ ခြေခံစားသောက်ကုန်များမှ ဆန်ချော(၅)ပြည်တစ်အိတ်လျှင် ငွေ(၈,၅၀၀)ကျပ် နှုန်းဖြင့် လည်းကောင်း၊ ဆန်ကြမ်း(၅)ပြည် တစ်အိတ်လျှင် ငွေ(၅၀၀၀)နှုန်းဖြင့်လည်းကောင်း၊ စားသုံး ဆီ(၅၀)ကျပ်သား တစ်ဗူးလျှင် ငွေ(၁,၈၅၀)ကျပ်နှုန်းဖြင့် လည်းကောင်း၊ ကြက်ဥ(၁၀)လုံးကဒ် တစ်ကဒ်လျှင်(၁,၃၀၀)ကျပ်နှုန်းဖြင့်လည်းကောင်း၊ ငါးမြစ်ချင်း ၁ ပိဿာလျှင် (၃,၇၀၀)ကျပ်၊ ငါးကြင်း ၁ ပိဿာလျှင်(၆,၆၀၀)ကျပ်၊ ရွှေငါး ၁ ပိဿာလျှင် (၁,၅၀၀)ကျပ်၊ ပုဇွန် ထုပ် ၁ ပိဿာလျှင် ကျပ်(၁၅,၀၀၀)၊ ဝက်သား ၁ ပိဿာလျှင် ကျပ်(၁၂,၀၀၀)နှင့် ဝက်ကလီစာ ၁ ပိဿာလျှင် ကျပ်(၁၀,၀၀၀)ကျပ်နှင့် ဆိတ်သား ၁ ပိဿာလျှင်(၁၇,၀၀၀)ကျပ်၊ အမဲသား ၁ ပိဿာလျှင် (၁၂,၀၀၀)ကျပ်တို့ဖြင့် လာရောက်ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါရောင်းချရာ နေရာတွင်လူစုလူ ဝေးမဖြစ်ပေါ် စေရန်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်၏ လမ်းညွှန်မှုစည်ပင်သာယာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ စျေးတာဝန်ခံများ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက လိုအပ်သည်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

လှလှထွေး (ပြန်/ဆက်)