သင်္ဃန်းကျွန်း အောက်တိုဘာ ၁၂
သင်္ဃန်းကျွန်းမြို့နယ် အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသော အသက် (၁၂) နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနိုင်ရန် ဆောင်ရွက် ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ မြို့နယ်ပညာရေးမှူးနှင့် တွေ့ဆုံမေးမြန်းခြင်းကိုယ် ဖော်ပြပေးလိုက်ပါတယ်-
ဦးသိန်းထွန်း
သင်္ဃန်းကျွန်း မြို့နယ်
ပညာရေးမှူး
မေး။ ဆရာကြီးတို့ရဲ့ အခြေခံပညာ အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့်ကျောင်းတွေမှာ နိုင်ငံတော်ရဲ့အစီအစဉ်နဲ့ အသက် ၁၂ နှစ်အထက် ကျောင်းသား/ကျောင်းသူတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးဖို့ စီစဉ်နေတယ်လို့ သိရတဲ့အတွက် ကာကွယ်ဆေးထိုးနှံဖို့ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေလေးကို သိချင်ပါတယ်ရှင့်။
ဖြေ။ ကျွန်တော်တို့က အသက် ၁၂ နှစ်ပြည့် ကလေးများကို ကာကွယ်ဆေးထိုးဖို့ဆို့လို့ ကျွန်တော်တို့ မြို့နယ်မှာ အခြေခံပညာအထက်တန်းကျောင်း၊ အလယ်တန်းကျောင်း၊ IDP ကျောင်းနှင့် ဘုန်းတော်ကြီး ပညာသင်ကျောင်း စုစုပေါင်း(၃၁) ကျောင်းရှိပါတယ်။ အဲဒီအထဲမှာ ၁၂ ပြည့်ပြီးတဲ့ ကျောင်းသား/ ကျောင်းသူ ၃,၅၂၀ ဦးရှိပြီးတော့ ဒီကလေးတွေ့ကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့တာဝန်ရှိသူများ၏ စီစဉ်ဆောင်ရွက်ပေးမှုနှင့်အတူကြိုတင်ပြီးတော့ စီမံချက်ရေးဆွဲရပါတယ်၊ ကျွန်တော်တို့သင်္ဃန်းကျွန်း မြို့နယ်မှာတော့ အဲလိုစီမံချက်ဆွဲပြီး တော့ ဆေးထိုးမယ့်စုရပ်က ၁ ခုဘဲ သတ်မှတ်ထားပါတယ်။
မေး။ ကျောင်းသားကျောင်းသူတွေကိုယ် ကာကွယ်ဆေး ထိုးရာတွင်လည်း စနစ်တကျရှိစေရေး မည်သို့ ပြင်ဆင် ဆောင်ရွက်ထားပါသလည်းရှင့်။
ဖြေ။ ကျွန်တော်တို့အနေဖြင့် ကလေးငယ်တွေကိုယ် ကာကွယ်ဆေးထိုးနှံရာတွင် စနစ်တကျ ရှိစေရေးအတွက် ကလေးမိဘများကိုယ် ကြိုတင်အသိပေးတယ် မိမိတို့ကလေးငယ်များ ကာကွယ်ဆေး ထိုးနှံနိုင်ရေး အထူးအလေးထား ဆောင်ရွက်ရန် တိုက်တွန်းနှိုးဆော်ထားရှိပြီး ကာကွယ်ဆေးထိုးနှံ ရာတွင် စနစ်တကျရှိစေရန်အတွက်လည်း သက်ဆိုင်ရာ အဖွဲ့များ ဖွဲ့စည်းထားပါတယ်။
မေး။ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးမယ့် စုရပ် ၁ ခုရဲ့နေရာလေးတွေ သိချင်ပါတယ်ရှင့်။
ဖြေ။ ကာကွယ်ဆေးထိုးနှံမယ့်စုရပ်ကတော့ သင်္ဃန်းကျွန်း မြို့နယ်အမှတ် (၂) အခြေခံပညာ အထက်တန်း ကျောင်းတွင် ကျောင်းပေါင်း ၃၁ ကျောင်းရှိကျောင်းသားကျောင်းသူ ၃၅၂၀ ဦးကိုထိုးနှံ ပေးသွားပါမယ်။
မေး။ ကျောင်းသား/ကျောင်းသူတွေကို စုရပ်တွေမှာ ကာကွယ်ဆေးထိုးနှံဖို့အတွက် အသိပေးချက် တွေကို ဘယ်လို ဆောင်ရွက်ထားပါသလဲရှင့်။
ဖြေ။ ကာကွယ်ဆေးထိုးနှံဖို့အတွက်ကို ကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာလအတွင်းမှာ စတင်ထိုးနှံ ဖို့ဖြစ်တဲ့အတွက်ကြောင့် နယ်မြေခံကျောင်းတွေက ဆရာကြီး၊ ဆရာမကြီးတွေအားလုံးကို အသိပေးထား ပြီးဖြစ်ပါတယ်၊ ကျောင်းအုပ်ကြီးတွေက ကျောင်းသားမိဘတွေနဲ့တွေ့ဆုံပြီးတော့ ၁၂ ပြည့် ကလေးတွေကို ကာကွယ်ဆေးထိုးဖို့အတွက် သဘောတူညီချက်ပါရှိတဲ့ လက်မှတ်ကိုလည်းရယူ ထားမှာပါ၊ မိဘတွေရဲ့ သဘောတူညီချက်နဲ့သာ ဒီဆေးထိုးနှံမှုကိုလုပ်ပါမယ်၊ အတန်းပိုင်ဆရာတွေက တဆင့် ဆေးထို့ဖို့အတွက် ကျောင်းသားတွေကို လက်ဆင့်ကမ်းမယ်၊ သဘောတူညီချက်ရပြီဆိုတာနဲ့ ဘယ်ကျောင်း၊ ဘယ်ကျောင်း တွေကိုထိုးနှံမယ်၊ ပြီးတော့ မနက်၊ ညနေပိုင်းခွဲပြီး ထိုးနှံဖို့စီစဉ်မှာဖြစ်ပါတယ်။
မေး။ မကြာခင်မှာ အခြေခံပညာကျောင်းတွေကိုလည်း ပြန်လည်ဖွင့်လှစ်တော့မယ် လို့သိရပါတယ်။ ကျောင်းတွေပြန်လည်ဖွင့်ဖို့အတွက် ဆရာကြီးတို့အနေနဲ့ဆောင်ရွက်ထားရှိမှုလေး သိချင်ပါတယ်ရှင့်။
ဖြေ။ ကျောင်းတွေပြန်ဖွင့်ဖို့အတွက်ဆိုရင် ဒီကျောင်းမဖွင့်ခင် အများကြီး ပြင်ဆင်ဆောင်ရွက်ရပါတယ် အဓိကတော့ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးတွေအပြင် ကျောင်းဖွင့်ဖို့အတွက်လည်း ကြိုတင် ပြင်ဆင်ထားရှိပါတယ် ကျောင်းသား ကျောင်းသူကလေးငယ်များကိုယ်လည်း စာသင်ယူရာတွင် ရောဂါ ကူးစက်မှု မဖြစ်ပေါ်စေရေးအတွက် လည်း အစစအရာရာအသေးစိတ်က အစပြင်ဆင် ဆောင်ရွက် ရပါတယ် ကျောင်းပြန်ဖွင့်တော့မယ်ဆိုတော့ ကလေးငယ်များအတွက်လည်း ပညာသင်ယူခွင့်ရရှိနိုင်မှာ ဖြစ်ပါတယ်။
မေး။ အသက် ၁၂ နှစ်အထက် ကျောင်းသား/ကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရာမှာ အဆင်ပြေပြေဆောင်ရွက်နိုင်ဖို့ ပူးပေါင်းဆောင်ရွက်နေတဲ့ ဌာန/အဖွဲ့အစည်းတွေကို သိပါရစေရှင့်။
ဖြေ။ ကျွန်တော်တို့နဲ့ပူးပေါင်းဆောင်ရွက်တာကတော့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်မှုဖြင့် ဖွဲ့စည်းထားသော ကော်မတီ အဖွဲ့ဝင်များဖြင့် စီမံချက်တစ်ခုရေးဆွဲထားပါတယ်။
မေး။ အသက် ၁၂ နှစ်အထက် ကျောင်းသား/ကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနိုင်မှုအပေါ် ဆရာကြီးရဲ့ ပီတိစကားသံလေးကို ပြောကြားပေးပါရှင့်။
ဖြေ။ ကျွန်တော်ကတော့ အလွန် ဝမ်းသာပါတယ်။ ကိုဗစ်-၁၉ ရောဂါဟာ နိုင်ငံတစ်ဝန်းလုံး ခံစား နေရတယ့် ကပ်ရောဂါကြီးဖြစ်တယ့် အဆိုပါရောဂါကြီးကြောင့် ကျောင်းတွေနားနေရတာတွေ လူမှုရေး၊ စီးပွားရေးတွေအတွက်ပါ အရမ်းထိခိုက်ခဲ့ရတယ့် အခြေအနေတွေကနေ ကာကွယ်ဆေးထိုးနှံမှု ပြီးတယ့်အချိန် ကျောင်းပြန်ဖွင့်တယ့်အတွက်လည်း အရမ်းဝမ်းသာပါတယ်။ ပြန်ပြီးတော့ ကျောင်းတွေမှာ စိုစိုပြည်ပြည်တွေနဲ့ ကျောင်းတွင်းဝန်းကျင် စိမ်းလမ်းစိုပြေရေး၊ ကျောင်းသား၊ ကျောင်းသူတွေ ပျော်ပျော်ရွှင်ရွှင်စာသင်ယူနေတဲ့ မြင်ကွင်းကိုဘဲ ကျွန်တော်တို့ မြင်ချင်ပါတယ်၊ ယခုကာကွယ်ဆေးထိုးပေးရာတွင်လည်း အသက်၁၂နှစ်အထက် ကျောင်းသားကျောင်းသူများအနေဖြင့် ကာကွယ်ဆေးထိုးနှံခြင်းကိုယ် မပျက်မကွက် လာရောက်ထိုးနှံပေးကြဖို့ အကြုံပြုတိုက်တွန်းပါတယ်။
အခုလိုဖြေကြားပေးတဲ့အတွက် ဆရာကြီးကို အထူးဘဲကျေးဇူးတင်ပါတယ်ရှင့်။
တွေ့ဆုံမေးမြန်းသူ - ဒေါ်စန္ဒာမိုး (ပြန်/ဆက်)
ဓာတ်ပုံ - သက်မင်းဟန်(ပြန်/ဆက်)