လူငယ်များသိထားသင့်သော ဆေးလိပ်ဆေးရွက်ကြီးအန္တရာယ် စာဖတ်ဝိုင်း မိုင်းရယ်ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပ

မိုင်းရယ်   အောက်တိုဘာ ၁၂

မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် Community Center တွင် ယနေ့ နံနက် ၁၀ နာရီက လူငယ်များသိထားသင့်သော ဆေးလိပ် ဆေးရွက်ကြီး အန္တရာယ်စာဖတ်ဝိုင်း ပြုလုပ်ပါသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်ခင်မာလာ၊ ဦးစီးအရာရှိ (တာဝန်ပေး)က ဒို့ကျေးရွာဂျာနယ်ပါ ဒေါက်တာ မြင့်သန်းထွန်း ရေးသားထားသည့် လူငယ်များသိထားသင့်သော ဆေးလိပ်ဆေးရွက်ကြီးအန္တရာယ်အကြောင်း ဆောင်းပါးမှ မြန်မာနိုင်ငံရှိ လူငယ်များကြား ဆေးလိပ်၊ ဆေးရွက်ကြီးသုံးစွဲမှုအား ဦးဆောင်ဆွေးနွေးပါသည်။ ယင်းနောက် Book Club အဖွဲ့ဝင်များဖြစ်သည့် ဦးစိုင်းထွန်းနိုင်က ဆေးလိပ်၊ ဆေးရွက်ကြီးကြောင့် ဖြစ်ပွားနိုင်သည့် ရောဂါများနှင့် နောက်ဆက်တွဲ ဆိုးကျိုးများအကြောင်းကို ပြန်လည်ဆွေးနွေးခဲ့ပါသည်။

မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် စာပေဝါသနာရှင်များ အတွက် Book Club၊ Women Club ၊ Youth Club များကို ဖွဲ့စည်းထားလျက်ရှိပြီး ပြည်သူများ အသိပညာ တိုးတက်စေရေးအတွက် အဆိုပါ Club အဖွဲ့ဝင်များနှင့် လစဉ်စာဖတ်ဝိုင်း၊ ဆွေးနွေးပွဲ၊ Talk Show များကိုလည်း ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဟန်နီခင်(မိုင်းရယ်)