ဂွ အောက်တိုဘာ ၁၂
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉) နာရီခွဲမှ စတင်ပြီး စုရပ်(၃)ခု၌ ကျန်းမာရေးညွှန်ကြားချက် များနှင့်အညီ သတ်မှတ်နေရာ အသီးသီးတို့တွင် (၁၈)နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေးများကို ဒုတိယနေ့အဖြစ် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
ဂွမြို့၊ မြို့မရပ်ကွက်ရှိ သာသနာ့ဗိမ္မာန်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက် (၁၈) နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးရာတွင် အပူချိန်တိုင်းတာခြင်း၊ စာရင်းများ ရေး သွင်းခြင်းနှင့် ကျန်းမာရေး ဆိုင်ရာများစစ်ဆေးခြင်း စသည့်ကျန်းမာရေး ညွှန်ကြားချက်များ အတိုင်း လိုက်နာဆောင်ရွက်ကြပြီး တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာ ဝန်ထမ်းများ ပူးပေါင်းကာ ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများကို ကူညီဆောင်ရွက် ပေးလျက်ရှိ ကြောင်းသိရသည်။
ဂွမြို့နယ်အနေဖြင့် စုရပ်(၃)ခုတွင် အသက် (၁၈) နှစ်နှင့် အထက် ပြည်သူများအား ပထမအကြိမ် ကာကွယ် ဆေးကို အောက်တိုဘာလ(၁၁)ရက်နေ့တွင် စတင်ထိုးနှံပေးခဲ့ရာ ကာကွယ်ဆေး လာရောက်ထိုးနှံသူ (၉၇၀) ဦးရှိပြီးယနေ့တွင် ဒုတိယနေ့အဖြစ် ဆက်လက် ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်