ငပုတော အောက်တိုဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ အသက်(၁၂)နှစ်အထက် အခြေခံပညာ အထက်တန်း၊အလယ်တန်း ကျောင်းသား / ကျောင်းသူများနှင့် မိဘပြည်သူများသိရှိစေရန် ပညာသင်အခွင့် အလမ်းများ ရရှိစေရန်မိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးနိုင်ရန် ကာကွယ်ဆေးလွှမ်းခြုံမှု အလျင်အမြန် ရရှိစေရန် ရည်ရွယ်၍ ကာကွယ်ဆေးဖြင့် လွှမ်းခြုဲအပ်သော အနာဂတ်ပန်းခင်းများဆီသို့ လက်ကမ်းစာစောင်များ ပြည်သူများလက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးကြောင်းသိရသည်။
ယနေ့နံနက်ပိုင်းတွင် လူစည်ကားရာလမ်းများ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာ ဝန်ထမ်းများ သွားရောက်၍ ကာကွယ်ဆေးဖြင့် လွှမ်းခြုံသော အနာဂတ်ပန်းခင်းများဆီသို့ လက်ကမ်းစာစောင် (လူစည်ကားရာလမ်းများ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာဝန်ထမ်းများ သွားရောက်၍ ကာကွယ်ဆေးဖြင့် လွှမ်းခြုံသောအနာဂတ်ပန်းခင်းများဆီသို့ လက်ကမ်းစာစောင်(၁၀၀၀)ကို ဒေသခံပြည်သူများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ ကြောင်းသိရသည်။
နှင်းယုမော်(ပြန်/ဆက်)