မန်တုံ အောက်တိုဘာ ၁၂
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ မြို့မရပ်ကွက်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့ မြေကွက်လပ်နေရာ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှုးရုံးမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆိုင်းဘုတ် စိုက်ထူခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူး ဦးတေဇာလင်းနှင့်ဝန်ထမ်းများက (၅) ပေ၊ (၃)ပေ အရွယ်အစားရှိ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ပန်းခင်းစီမံချက် ဆိုင်းဘုတ်ကို စိုက် ထူပြီး အမွှေးနံသာများ ပက်ဖြန်းပေးခဲ့ပါသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပန်းခင်းစီမံချက်ဆိုင်းဘုတ်တွင် အသက် ၁၆ နှစ် ပြည့်ပြီးသူ နိုင်ငံသားတိုင်း ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေး ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခြင်း၊ နိုင်ငံရေးစိစစ်ရေးကတ်ပြား ဆောင်ရွက်မည့် ပြည်သူများ အနေဖြင့် မြို့နယ်လဝကရုံး/ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ဆက်သွယ် ဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်ခြင်းများဖော်ပြပါရှိပြီး စီမံချက်လုပ်ငန်းများအား မြို့ပေါ်ရပ်ကွက်မှစတင်၍ အကောင်အထည် ဖော်ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သက်ဆိုင်ရာ မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
မန်တုံ ပြန်/ဆက်