သပိတ်ကျင်းမြို့တွင် သဘာဝဘေးအန္တရာယ် အသိပညာပေး Talk. Show ဆွေးနွေးပွဲပြုလုပ်

သပိတ်ကျင်း၊အောက်တိုဘာ-၁၂

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်ပြန် ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်မြို့နယ်မီးသတ်ဦးစီးဌာန၊ မြိုု့နယ်ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်းပြီး သဘာဝဘေးန္တရယ် အသိပညာပေး Talk show အသိပညာပေးဆွေးနွေးပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community center ခန်းမတွင် အောက်တိုဘာ-အောက်တိုဘာ( ၁၂)ရက်နေ့ နံနက်( ၉)နာရီက ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူးဦးနိုင်ဦးမှ သဘာဝဘေးအန္တရယ်များကြရောက်လာပါက မီးသတ်ဦးစီးဌာန တပ်ဖွဲ့ဝင်များအနေဖြင့် လျှင်မြန်စွာ ကယ်တင်ကူညီဆောင်ရွက်နိုင်ရေးအတွက် ဇတိတိုက်လေ့ကျင့်ဆောင်ရွက်နေမှုများ အပတ်စဉ် လေ့ကျင်ဆောင်ရွက်နေမှုနှင့် ကြိုတင်ကာကွယ်ရေးအသိပညာပေး ဆောင်ရွက် ချက်များရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမြို့နယ် ဦးစီးအရာရှိဒေါ်ဆုလှိုင်တင့်မှ ဌာန၏ လုပ်ငန်းတာဝန်များ၊ သဘာဝဘေးကြုံတွေ့ ခံစားရသည့် ပြည်သူများအားကူညီထောက်ပံ့မှုနှင့် မြို့နယ်အတွင်းဖြစ်ပွားခဲ့သည့် ငလျှင်ဘေးအန္တရာယ်နှင့် ပတ်သက်သည့်ဖြစ်စဉ်များနှင့် ပြည်သူ များအားအသိပညာပေး ဆောင်ရွက်ချက်များကို ဆွေးနွေးခဲ့ရာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်မှ ကိုဗစ် - ဦးထွန်းထွန်းနိုင်မှ ကိုဗစ်၁၉ ရောဂါထိန်းချုပ်ကာလအတွင်း ပြည်သူများအား အသိပညာပေးအစီစဥ်များကိုOnlineမှ တဆင့်ပြုလုပ်ရခြင်းရည်ရွယ်ချက်များကို ရှင်လင်း ဆွေးနွေးခဲ့ကြသည် သပိတ်ကျင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့်ပြည်သူများအသိပညာပေး    Talk Show အစီအစဉ်များကို အပတ်စဉ်ပြုလုပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည် ။

စိုးနိုင်ဝင်း( သပိတ်ကျင်း)