ကျောက်မဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စားသုံးသူ ကာကွယ်ရေး ဥပဒေအကြောင်း အသိပညာပေး Talk Show ဆောင်ရွက်

ကျောက်မဲ အောက်တိုဘာ ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊  လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း အသိပညာပေး Talk Show ကို ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ Talk Show တွင်  ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင် ဦးစီးမှူး ဒေါ်နှင်းရည်က Talk Show ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း‌ပြောကြား ခဲ့ပြီး၊ ကျောက်မဲခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာလင်းက  ၂၀၁၉ ခုနှစ် တွင် ပြန်လည်ပြင်ဆင်ပြဌာန်းခဲ့သည့် စားသုံးသူကာကွယ်ရေး ဥပဒေဆိုင်ရာ သိကောင်းစရာများ၊ စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်များအတွက် စားသုံးသူ ကာကွယ်ရေးဥပဒေ၏ အကျိုး သက်ရောက်မှုများ၊  စားသုံးသူ ဥပဒေအရ ပြစ်မှုကျူးလွန်သူများအား ချမှတ်နိုင်သည့် ပြစ်ဒဏ်များ၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေဆိုင်ရာများကို ရှင်းလင်းဆွေး ခဲ့ကြောင်း သိရသည်။

ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ဌာနဆိုင်ရာများ၊ တတ်သိ ပညာရှင်များနှင့် ချိတ်ဆက်၍ အသိပညာ‌ပေး Talk Show များကို စဉ်ဆက်မပြတ် ဆောက်ရွက် သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါဆွေးနွေးချက် ရုပ်သံအပြည့်အစုံ တို့ကို ကျောက်မဲခရိုင် ပြည်သူ့စာကြည့်တိုက် Page တွင် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မိုင်းထွန်း (ပြန်/ဆက်)