စဉ့်ကူး ၊ အောက်တိုဘာ ၁၂
စဉ့်ကူးမြို့နယ် လူဝယ်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊မြို့နယ်ဦးစီးမှူးရုံး ၊မြို့နယ် ဦးစီးမှူး ဦးဝင်းရွှေနှင့် ဝန်ထမ်းများသည် ယနေ့နံနက် ၈ နာရီအချိန်မှစတင်၍ စဉ့်ကူးမြို့မစျေးအရှေ့၊ ရွှေဘို - မန္တလေးဝိုင်းပတ်လမ်းစုံ၊ စဉ့်ကူးမြို့အဝင်၊လက်ပန်လှ - မိုးကုတ် မန္တလေးသွားလမ်းမကြီးတို့တွင် ပန်းခင်း စီမံချက် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ အသိပညာပေးဆောင်ရွက်ရာတွင် စဉ့်ကူးမြို့နယ်လူဝင်မှူကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာန ၊မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံသားတစ်ဦး၏ တရားဝင်မှု၊မှုလအခွင့်အရေးနှင့် လူမှုစီးပွားဘဝ ပြည့်စုံ မှုရှိစေရေး အတွက်သတ်မှတ်ချက်နှင့် ကိုက်ညီသူအသက် ( ၁၆ )နှစ်နှင့် (၁၈ )နှစ်အကြား ၊အသက် ( ၁၈ )နှစ် အထက်နိုင်ငံသားစိစစ်ရေးကတ်ပြားတစ်ကြိမ်တစ်ခါမှ ကိုင်ဆောင်ခဲ့ဘူးခြင်းမရှိသူများနှင့် အိမ်ထောင်စု လူဦးရေစာရင်းမရှိသူများကိုမိမိဝန်ကြီးဌာန၏ ဥပဒေ၊နည်းဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပန်းခင်းစီမံ ချက်ဖြင့် မေလ ၃ရက်နေ့မှ နိုဝင်ဘာလ ၃ ရက်နေ့အထိ စီမံချက်ကာလသတ်မှတ်ဆောင်ရွက်ပေး လျက်ရှိပါ ကြောင်းအသံချဲ့စက်ဖြင့် တိုက်တွန်းနှိုးဆော် အသိပညာပေးခြင်းနှင့် “နိုင်ငံသားကတ်မှတ်ပုံတင်ရှိခြင်းဖြင့် မိမိတို့၏ လူမှုရေး၊အလုပ်အကိုင်ရရှိရေး၊သွားလာရေး၊ပညာရေးစသည့် လူမှုစီးပွားရေးဘဝမြှင့်တင် နိုင်မည် ဖြစ်ပါသည်”မိဘပြည်သူများအနေဖြင့် နိုင်ငံသားကတ်ပြားပြုလုပ်ရာတွင် နိုင်ငံတော်မှဖြည့်ဆည်းပေးသည့် အတွက် အကုန်အကျခံရန် မလိုအပ်ပဲဆောင်ရွက်ပေးလျှက်ရှိပါသည်စသည့် အကြောင်းအရာများပါဝင်သည့် ပန်းခင်းစီမံချက် အသိပညာပေးလက်ကမ်းစာစောင်များကိုလည်းပြည်သူများထံသို့ဖြန့်ဝေပေးခဲ့ပါကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
မြို့နယ်( ပြန် / ဆက် )