ပုဇွန် တောင်မြို့နယ်၌ “ပန်းခင်းစီမံချက်” အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပ

ပုဇွန်တောင် အောက်တိုဘာ ၁၂

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင် မြို့နယ်၌ပန်းခင်းစီမံချက် အသိပညာပေး Talk Show ကို ယနေ့ နံနက်(၁၂.၃၀)နာရီအချိန်က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နှင့်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကာ ပုဇွန်တောင် မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံ ရေးဦးစီးဌာနခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါ Talk Show အစီအစဥ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပုဇွန်တောင် မြို့နယ်ဦးစီးဌာနမှူး ဦးရဲအောင်က ပန်းခင်းစီမံချက်နှင့်ပတ်သက်၍ ဆောင်ရွက် ပေးနေမှုများမှာ "ပန်းခင်းစီမံချက်" ကို နေထိုင်မှုပုံစံ(၄)မျိုးဖြင့် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ နေထိုင်မှုပုံစံ(၄)မျိုးမှာ(၁) လက်ရှိဇာတိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်း ရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ (၂)လက်ရှိ  ဇာတိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေ စာရင်းမရှိ၊ ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ (၃)ရွေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်းရှိပြီး လက်ရှိဒေသတွင် ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ (၄)ရွေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင် လက်မှတ်မရှိ၊ လက်ရှိဒေသတွင်လည်းအိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင် လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း တို့ဖြစ်ပါကြောင်း၊ ပန်းခင်းစီမံချက်ကို မြို့နယ်အတွင်းရှိ ၊ရပ်ကွက်နေပြည်သူများအား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်သူများကျယ်ကျယ် ပြန့်ပြန့်သိရှိစေရေး လူစည်ကားရာနေရာများ၌ ဗီနိုင်းများချိတ်ဆွဲခြင်း၊ ရပ်ကွက်များ အတွင်းကွင်း ဆင်းကာ ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားသည် ပညာသင်ကြားရာတွင်လည်းကောင်း၊ အလုပ်အကိုင်ဆောင်ရွက်ရာ တွင်လည်းကောင်း၊ နိုင်ငံရပ်ခြားသို့ သွားရောက်ရာတွင် လည်းကောင်း စသည်ဖြင့် လူမှု့ဘဝအတွက် အလွန်အရေးကြီးပါကြောင်း၊ ယနေ့အထိမြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားကတ် (၁၅၉)ကတ်၊ အိမ်ထောင်စုစာရင်း (၅၀) လူဦးရေအနေဖြင့် (၁၇၃) ဦးဆောင်ရွက် ပေးခဲ့ပြီးဖြစ်ပါကြောင်း ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ဆောင်ရွက်ပေးလျက်ရှိသည့်အတွက် မြို့နယ်ရှိပြည်သူများ အနေဖြင့် ပန်းခင်းစီမံချက်အားရုံးမှာ သော်လည်းကောင်း၊ အမှတ် (၁၀) ရပ်ကွက်၊ ဘုရားဖြူဘုန်းကြီး ကျောင်းတိုက်တွင်လည်းကောင်း ကွင်းဆင်းဆောင်ရွက်ပေးလျှက်ရှိရာ လာရောက်ဆောင်ရွက်ကြပါရန် နှိုးဆော်ပါကြောင်း စသည်ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။

မြတ်သီရိခိုင် (ပြန်/ဆက်)