ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် ၂၅ ဦးရှိပြီး၊ ကျန်းမာရေး ကောင်းမွန်၍ ဆေးရုံများမှဆင်းခွင့်ရရှိသူ ၂၇ ဦးရှိ

ပင်လောင်း အောက်တိုဘာ  ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် မြို့နယ်ပြည်သူ့ဆေးရုံနှင့် သက်ဆိုင်ရာ တိုက်နယ်ဆေးရုံများတွင် လာရောက်စစ်ဆေးခံသူ ၆၅ ဦးအား RDT Test Kit ဖြင့်စစ်ဆေးချက်များအရ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာအသစ် (၂၅) ဦးတွေ့ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါသည်ပင်လောင်းမြို့နယ်အတွင်း၌ ၂၀၂၁ ခုနှစ်ဇွန်လ ၃၀ ရက်နေ့မှ စတင် ကူးစက်ပျံ့ပွားလာပြီး ယနေ့အထိ ပိုးတွေ့လူနာပေါင်း ၁၆၈၈ ဦး ရှိပြီးမြို့နယ်ဆေးရုံနှင့် တိုက်နယ်ဆေးရုံ လေးရုံတို့တွင် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုကုသရေး စင်တာများ သီးသန့်ဖွင့်လှစ်၍ ကျန်းမာရေးစောင့်ရှောက်ကုသမှုများပေးခဲ့ရာ ကျန်းမာရေးပြန်လည်ကောင်းမွန်လာ၍ ဆေးရုံများမှ ဆင်းခွင့်ရရှိသူစုစုပေါင်း ၁၄၆၉ ဦးရှိသွားပြီဖြစ်ကြောင်း၊ လွှဲပြောင်းလူနာ ၁၂ ဦး၊ လွှဲပြောင်း လူနာများမှ ဆေးရုံဆင်းခွင့်ရရှိသူ ၇ ဦး၊ သေဆုံးလူနာ ၁၈ ဦးရှိပြီး၊ ဆေးရုံတက်ရောက်ကုသဆဲလူနာ ၁၉၈ ဦး အားကျန်းမာရေး စောင့်ရှောက်မှုများ ဆက်လက်ပြုလုပ် ပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

ထွန်းလင်း(ပင်လောင်း)