ရွှေပြည်သာ အောက်တိုဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၅)ရပ်ကွက်ရှိ (နီလာ)စျေးတွင် မိဘပြည်သူများအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း ပြည်သူများစားဝတ်နေ ရေးအဆင်ပြေစေရန်နှင့် သန့်ရှင်းလတ်ဆတ်သော အသား၊ ငါးနှင့်အခြေခံ စားသောက်ကုန်များ စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစား သုံးနိုင်ရန်အတွက် အသား၊ ငါးနှင့် ဆန်၊ ဆီ၊ ကြက်ဥများကို ယနေ့ နံနက် (၇)နာရီ ၃၀အချိန်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် လာရောက် ရောင်းချပေးခဲ့သည်။
အဆိုပါ စျေးရောင်းချနေမှုအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ရောင်းချပေးရာ သန့်ရှင်းလတ်ဆတ်သော အသား/ငါးနှင့် အခြေခံစားသောက်ကုန်များမှ ဆန်ချော(၅)ပြည် တစ်အိတ်လျှင် ငွေ(၈၅၀၀)ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဆန်ကြမ်း(၅)ပြည် တစ်အိတ်လျှင်ငွေ (၅၀၀၀) နှုန်းဖြင့်လည်းကောင်း၊ စားသုံးဆီ(၅၀)ကျပ်သား တစ်ဘူးလျှင် ငွေ(၁၈၅၀) ကျပ်နှုန်းဖြင့် လည်းကောင်း၊ ကြက်ဥ(၁၀)လုံးကဒ် တစ်ကဒ်လျှင်(၁၃၀၀) ကျပ်နှုန်းဖြင့်လည်းကောင်း၊ ငါးမြစ်ချင်း ၁ပိဿာလျှင် (၃၇၀၀) ကျပ်၊ ငါးကြင်း ၁ ပိဿာလျှင် (၆၆၀၀)ကျပ်၊ ရွှေငါး ၁ပိဿာလျှင် (၁၅၀၀)ကျပ်၊ ပုဇွန်ထုပ် ၁ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ ဝက်သား ၁ပိဿာလျှင် ကျပ်(၁၂၀၀၀)နှင့် ဝက်ကလီစာ ၁ပိဿာလျှင် ကျပ်(၁၀၀၀၀)ကျပ်နှင့် ဆိတ်သား ၁ပိဿာလျှင် (၁၇၀၀၀)ကျပ်၊ အမဲသား ၁ပိဿာလျှင် (၁၂၀၀၀)ကျပ်တို့ဖြင့် လာရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါရောင်းချရာ နေရာတွင်လူစုလူဝေး မဖြစ်ပေါ်စေရန်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦး၏ လမ်းညွှန်မှု မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးညွန့်ဝင်း၏ ကြီးကြပ်မှုဖြင့် စည်ပင်သာယာရေး ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စျေးတာဝန်ခံများ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက လိုအပ်သည်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အေးမိုး (ပြန်/ဆက်)