နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အတွင်းရှိ မြို့နယ်များတွင် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ကြည့်ရှုအားပေး

နေပြည်တော် အောက်တိုဘာ ၁၂

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်သည် နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်မှူးကြီး မင်းနောင်၊ ရဲမှူးကြီးကိုကိုလွင်၊ ဦးကျော်သိန်းဆိုင်နှင့် တာဝန်ရှိသူများ လိုက်ပါလျှက်  ယနေ့နံက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ပျဉ်းမနားမြို့နယ် မင်္ဂလာဗျူဟာသာသနာ့ဗိမာန်တော်ကြီးဆေးထိုးစုရပ်၊ ဇမ္ဗသီရိမြို့နယ် အမှတ်(၇) အခြေခံပညာ အထက်တန်းကျောင်းဆေးထိုးစုရပ်၊ ဒက္ခိဏသီရိမြို့နယ် အမှတ်(၁၈)အခြေခံပညာ အထက်တန်း ကျောင်း ဆေးထိုးစုရပ်နှင့် လယ်ဝေးမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဆေးထိုးစုရပ်တို့တွင် အသက် ၁၂ နှစ်နှင့် အထက် အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှုကို လည့်လည်ကြည့်ရှုအားပေးသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့်အဖွဲ့သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံသည့် ဆေးထိုးစုရပ် အသီးသီးသို့ရောက်ရှိရာ အသက် ၁၂ နှစ်နှင့် အထက် အခြေခံ ပညာအထက်တန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးနေမှုကို လည့်လည်ကြည့်ရှုအားပေးပြီး ကာကွယ်ဆေးလာရောက် ထိုးနှံသည့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး အားပေးစကားပြောကြားကာ နှာခေါင်းစည်း Mask များဖြန့်ဝေ ပေးကာ တာဝန်ရှိသူများအား လိုအပ်သည်များကို လမ်းညွှန် မှာကြားသည်။

နေပြည်တော်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ ဦးတည်အုပ်စုများသတ်မှတ်ပြီး ဦးစားပေးထိုးနှံလျက်ရှိရာ နိုင်ငံတော်၏ အနာဂတ်မျိုးဆက်သစ် လူငယ်များဖြစ်သည့် အခြေခံပညာအလယ်တန်း၊ အထက်တန်း တွင် ပညာသင်ယူနေသော ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ အခြေခံပညာ အလယ်တန်း၊ အထက်တန်း ကျောင်းသား/ ကျောင်းသူ များကို ကိုဗစ်-၁၉ကာကွယ် ဆေးထိုးပေးခြင်းဖြင့် ကျောင်းသား/ကျောင်းသူများ ပညာသင်ယူခွင့် အခွင့်အလမ်းများရရှိလာစေရန်၊ ဦးတည်အုပ်စုအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို စီမံချက်များရေးဆွဲ၍ထိုးနှံပေးခြင်းဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးလွှမ်းခြုံမှု အလျင်အမြန် ရရှိလာစေ ရန် ရည်ရွယ်၍ထိုးနှံပေးခြင်းဖြစ်သည်။

နေပြည်တော်တွင် အခြေခံပညာကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းတို့မှ အထက်တန်း ဆင့်နှင့် အလယ်တန်းဆင့်သင် ကျောင်း(၄၉၆)ကျောင်းတို့ရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမည့် အသက် (၁၂)နှစ်နှင့် အထက် အထက်တန်းကျောင်းသား ကျောင်းသူ (၂၀၂၅၇)ဦး အလယ်တန်း ကျောင်းသား ကျောင်းသူ(၆၃၇၁၂)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူပေါင်း (၈၃၉၆၉)ဦးတို့ကို ထိုးနှံပေးသွားမှာဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)