ရွာငံမြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်ပြည့်ပြီးသူ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသွားမည်

ရွာငံ  အောက်တိုဘာ ၁၂

ရှမ်းပြည်နယ် (တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌‌ဒေသ၊ ရွာငံမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ အသက်(၁၂) နှစ်ပြည့်ပြီးသည့် ကျောင်းသားကျောင်းသူများအား အောက်တိုဘာလအတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို မြို့နယ်ကာကွယ်ဆေးထိုးနှံရေး ကော်မတီ၏ လမ်းညွှန်မှုဖြင့် ကျန်းမာရေးဌာနနှင့် မြို့နယ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ အရပ်ဖက် လူမှုရေး အသင်းအဖွဲ့များ၏ ဝိုင်းဝန်းကူညီမှုဖြင့် အထက(ရွာငံ)၊ အထက (ရေဦး)၊ အထက(မြိုင်)၊ အထက (မြင်းကျဒိုး)၊ အထက(ယကြီး)၊ အထက(အင်းကြီးမြောက်)နှင့် အထက(မြို့ကြီး) နေရာ(၇) နေရာ သတ်မှတ်၍ ဆောင်ရွက် သွားမည်ဖြစ်သည်။ မြို့နယ်အတွင်း အထက်တန်းအဆင့်၊ အလယ်တန်း အဆင့်ကျောင်းပေါင်း(၆၅) ကျောင်းမှ ကျောင်းသားဦးရေ (၃၈၀၀) ကျော်အား ကွင်းဆင်းထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက် (ရွာငံ)