လဲချား အောက်တိုဘာ ၁၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြည်သူ့စာကြည့်တိုက် တွင် ကျောင်းသား/ကျောင်းသူများနှင့် ကလေးငယ်များအတွက် အသိပညာ ဗဟုသုတတိုးပွါးစေရန် Onlineမှ တစ်ဆင့် အသိပညာပေးအစီစဉ်များကို ရိုက်ကူး၍ မြို့နယ်ပြည်သူ့စာကြည့်တိုက် Page တွင် လွှင့်တင်ဆောင်ရွက်ပေးလျက် ရှိသည်။
ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဥ္ကာလအတွင်း စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာပေ ဝါသနာရှင်များအတွက် အသိပညာဗဟုသုတတိုးပွါးစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စာအုပ်မိတ်ဆက်ခြင်း၊ ပုံပြောခြင်း၊ ကဗျာရွတ်ခြင်း၊ စက္ကူအရုပ်ခေါက်ခြင်း၊ ကျန်းမာရေးဆောင်းပါး မိတ်ဆက်ခြင်းစသည့် အစီအစဉ်များကို ရိုက်ကူး၍ Online မှတစ်ဆင့်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
လွှမ်းသူနောင် (လဲချား)