မိုင်းယု အောက်တိုဘာ ၁၂
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့ရှိ ကုန်စုံဆိုင်၊ ဈေးဆိုင်များနှင့် စားသောက်ဆိုင်များ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချမှု ရှိ/မရှိ လိုက်လံစစ်ဆေးခြင်းနှင့် အသိပညာပေးနှိုးဆော်ခြင်းများကို ယမန်နေ့ညနေပိုင်းက မြို့ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီအဖွဲ့တို့မှ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စစ်ဆေးရာသို့ မြို့ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီအဖွဲ့တို့မှ ဒေသတွင်းရှိ စားသောက်ဆိုင်၊ ကုန်စုံဆိုင်နှင့် ကွမ်းယာဆိုင်များ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ နံနက် ၇ နာရီမှ မွန်းတည့် ၁၂ နာရီထိ ဖွင့်လှစ်ရောင်းချမှု ရှိ/မရှိ လိုက်လံစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြပြီးနောက် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်း များက ရပ်ကွက်/ကျေးရွာများအတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာအချက်များကို ပြည်သူများ လိုက်နာဆောင်ကြစေရန် အသိပညာပေးလှည့်လည် နှိုးဆော်ခဲ့ကြကြောင်း သိရသည်။
မိုင်းယုမြို့တွင် ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိသူအတည်ပြုလူနာ နှစ်ဦးရှိနေပြီး သတ်မှတ်နေရာတွင် Home Quarantine ထားရှိကာ ဆေးကုသမှုခံယူနေလျက်ရှိကြောင်းနှင့် လတ်တလော အခြေအနေတွင် ထပ်တိုးအတည်ပြုလူနာနှင့် သေဆုံးသူမရှိကြောင်း သိရသည်။
ကိုကိုနိုင်(မိုင်းယု)