ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့မဈေးကြီးအား မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးငြိမ်းသတ် သရုပ်ပြမှုများ ဇာတ်တိုက် လေ့ကျင့်

 

မောင်တော  အောက်တိုဘာ  ၁၂

 

ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့မဈေးကြီးအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက်   မြို့နယ်မီးသတ် ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် ကရုဏာကွန်ရက်အဖွဲ့တို့ ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီ အချိန်က မီးငြိမ်းသတ်မှုများကို သရုပ်ပြသခဲ့ကြသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ထွန်းရွှေခိုင်က မီးလောင်မှု ဖြစ်ပွားပါက မီးငြိမ်းသတ်ဆေးဘူးဖြင့်  စနစ်တကျ ဖြင့် မီးငြိမ်းသတ်မှု များကို ရှင်းလင်း ပြောကြားပြီး မီးလောင် နေစဉ် မီးငြိမ်း သတ်ရန် မီးသတ်ဆေးဘူးဖြင့် ဈေးသူ၊ ဈေးသားများအား လက်တွေ့သရုပ်ပြသကာ  ၊ ဈေးမီးလောင်မှု သဏ္ဍာန် တူ  လေ့ကျင့်ရာတွင် မတော်တဆ မီးလောင်မှုဖြစ်ပွားပါက သက်ဆိုင်ရာအား အကူအညီတောင်းခံခြင်း၊  မီး သတ်ယာဉ် ဖြင့် မြို့မဈေးကြီးအား မီးသတ်ပိုက်ဖြင့် ရေပစ်ငြိမ်းသတ်ပြသခြင်း၊ မီးလောင်ပြင်မှ အရေးပေါ် လူနာများအားကူညီ ကယ်ဆယ်ခြင်း၊ ကရုဏာ ကွန်ရက်လူမှုကူညီကယ်ဆယ်ရေး အဖွဲ့သားများက လူနာများအား နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ခြင်း တို့ကို ဇာတ်တိုက် လေ့ကျင့် ဆောင်ရွက်ခဲ့ကြသည်။

 

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကံထွန်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များဖြစ်သော ဗိုလ်မှူး တင်ဝင်းထွဋ် နှင့် ဦးဦးခင်မောင်၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန  မောင်တောခရိုင်ဦးစီးမှူးရုံးမှ  လက်ထောက် ညွန်ကြားရေးမှူး ဦးမောင်မောင်ကြီး ၊ မြို့နယ် မီးသတ်ဦးစီးမှူး ထွန်းရွှေခိုင် နှင့် တပ်ဖွဲ့ဝင်များ၊ စည်ပင် သာယာရေးအဖွဲ့ အမှု ဆောင်အရာရှိ ဦးအေးသိန်း နှင့်အဖွဲ့ဝင်များ၊ ဈေးကော်မတီဝင်များက မြို့မဈေးကြီးအတွင်းမီးဘေး အန္တရာယ်ကြို တင်ကာကွယ်ရေးအတွက်မီးသတ်ရေကန်များ၊ မီးသတ်ဆေးဘူးများ ထားရှိမှု အခြေအနေ များအား လှည့်လည ကြည့်ရူစစ်ဆေးခဲ့ကြပြီ ဈေးသူ၊ဈေးသားများအား မီးဘေးအသိပညာပေး လက်ကမ်း စာစောင်များကိုလည်း ဖြန့်ဝေ ခဲ့ကြကြောင်း သိရသည်။

 

သက်လွင်စိုး