မိုင်းခတ်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre ) ၌ Club အဖွဲ့များ ပြန်လည်ဖွဲ့စည်း

မိုင်းခတ် အောက်တိုဘာ ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန(CommunityCentre)၌Clubအဖွဲ့များပြန်လည်ဖွဲ့စည်းခြင်းကို ယမန်နေ့ညနေ ၄ နာရီ အချိန်ကကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာမြို့နယ်ဦးစီးမှူးဒေါ်နန်းနွယ်နီ‌အောင်က စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club ဖွဲ့စည်းခြင်းဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ၊ စာပေဆွေးနွေးပွဲများ၊ ဟောပြောပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရန်၊ လူငယ်အသင်းYouthClubဖွဲ့စည်းခြင်းဖြင့် လူငယ်များ၏ အသိပညာဗဟုသုတ မြှင့်မားလာစေရန်၊ ပရဟိတစိတ်ဓာတ်များ ကိန်းအောင်းလာစေရန်၊ စာပေနှင့်ရင်းနှီးကျွမ်းဝင်မှုရရှိစေရန်၊ အမျိုးသမီးအသင်း WomenClubများ ဖွဲ့စည်းခြင်းဖြင့်အမျိုးသမီး ကဏ္ဍဆိုင်ရာအသိပညာပေး လုပ်ငန်းများ၊ အမျိုးသမီးဘဝ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းများတွင်ပူးပေါင်း ပါဝင်ဆောင်ရွက်တတ်စေရန်ည်ရွယ်၍ပြန် လည်ဖွဲ့စည်းရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက်တက်ရောက်လာကြသော Club အဖွဲ့ဝင်များက အကြံပြုဆွေးနွေးခဲ့ကြပြီးလစဉ် Club အဖွဲ့များ မှစာပေဆွေးနွေးပွဲများ၊ စာဖတ်ဝိုင်းများဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

မိုးဒေ(ပြန်/ဆက်)