အောက်တိုဘာ ၁၂
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး Community Centre ခန်းမ၌ ယနေ့နံနက် ၁၀နာရီအချိန်က စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် ပြန်ကြားရေနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံး ဝန်ထမ်းများပူးပေါင်း၍ စာရေးဆရာ နတ်သျှင်(ရွှေဂူ) ရေးသားသည့် “လူငယ်များကို ပျိုးထောင်ပေးပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးမှူး ဒေါ်နေခြည်ဦးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များနှင့် စာပေဖတ်ရှုသည့် အလေ့အထ တိုးတက်မှုရှိစေရန် အပတ်စဉ် အင်္ဂါနေ့တိုင်း စာဖတ်ဝိုင်း ကျင်းပသွား မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club) အဖွဲ့ဝင် များဖြစ်သည့် ဒေါ်သင်းသင်းဆွေက “လူငယ်များကို ပျိုးထောင်ပေးပါ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒေါ်မို့မို့စံက “မိတ်ဆွေကောင်းနှင့် ခရီးသွားပါ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကိုအောင်ခန့်မော်က “စာဖတ်ခြင်း အတတ်ပညာ” ခေါင်းစဉ်ဖြင့်လည်းကောင်း မိမိတို့ ဖတ်ရှုခဲ့သည့် စာရေးဆရာ နတ်သျှင်(ရွှေဂူ) ၏ “လူငယ်များကို ပျိုးထောင်ပေးပါ”စာအုပ်ပါ အကြောင်း အရာများမှ နားလည်မှတ်သားထားရှိမှုများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံး ဝန်ထမ်းများနှင့်အတူ တစ်ဦးချင်း အလိုက် အပြန်အလှန် ဆွေးနွေးခဲ့ကြောင်းသိရသည်။
သက်နောင်ဦး(ငါန်းဇွန်)