မန်တုံ အောက်တိုဘာ ၁၂
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်း များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ရောဂါပိုး တွေ့ရှိသူနှင့်ဆက်စပ်မှုရှိသည့် သံသယရှိသူပေါင်း (၁၅) ဦးအား ကျန်းမာရေးဌာနတာဝန်ရှိသူများမှ RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ အမျိုးသမီး(၁)ဦး တွင်ရောဂါပိုးကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိရ ကြောင်း သိရသည်။
ယင်းကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၁)ဦးမှာ ပိုးတွေ့ရှိသူနှင့်ထိတွေ့ သံသယရှိသူများဖြစ်ပြီး Quarantine Centre သီးသန့် တိုးချဲ့ဆောင်တွင်ထားရှိ၍ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ၎င်းတို့နှင့် ထိတွေ့ဆက်စပ်သူများကိုလည်း Home Quarantine ထားရပြီး ဆေးစစ်ခြင်းများ ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။
မန်တုံမြို့တွင် (၁၁.၁၀.၂၀၂၁) ရက်နေ့ထိ ပိုးတွေ့ရှိသူ(၉၈)ဦး၊ ကုသရေးစင်တာမှ ဆင်းခွင့်ရရှိသူ (၄၅) ဦး၊ ဆေးကုသမှု ခံယူနေသူ(၅၃)ဦး၊ Quarantineထားရှိသူ(၄၅၆)၊ Quarantineထွက်သူ(၄၀၃)၊ Quarantine Centre ထားရှိသူ(၅၃)ဦးနှင့် သေးဆုံးသူ မရှိကြောင်း သိရသည်။
မန်တုံ ပြန်/ဆက်