ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်သာမြို့နယ်ရုံးဝန်ထမ်းများ စာဖတ်ဝိုင်း ကျင်းပ

တောင်သာ အောက်တိုဘာ ၁၂

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး  ပြည်သူ့စာကြည့်တိုက်တွင်   ဝန်ထမ်းကျင့်ဝတ်   စာအုပ်ဖြင့်စာဖတ်ဝိုင်းကို  အောက်တိုဘာလ(၁၂)ရက်၊နံနက်(၁၀)နာရီအချိန်ကကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ စာဖတ်ဝိုင်းတွင်  မြို့နယ်ဦးစီးမှူး ဦးရဲဝင်အောင်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များနှင့်စာပေဖတ်ရှုသည့် အလေ့အထတိုးတက်မှု ရရှိစေရန်စာဖတ်ဝိုင်းကျင်းပ ရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။စာထောက်(၃)ဒေါ်သိမ့်သိမ့်အေးက ဝန်ထမ်းများ လိုက်နာရမည့်တာဝန်များခေါင်းစဉ်ဖြင့်လည်းကောင်း၊  ရုပ်သံကျွမ်းကျင်(၃)ဒေါ်ဌေးဌေးဝင်းက   ဝန်ထမ်းစည်းကမ်းများ  ခေါင်းစဉ်ဖြင့်လည်းကောင်း၊   ဓာတ်ပုံကျွမ်းကျင်(၂)ဦးကျော်မျိုးနိုင်က   ဌာနဆိုင်ရာအရေးယူခြင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များ  ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အငယ်တန်း စာရေးဒေါ်တင်မိုးခိုင်က ဝန်ထမ်း၏  ဝန်ထမ်းမှုဆိုင်ရာခံစားခွင့်များ   ခေါင်းစဉ်ဖြင့် လည်းကောင်း တင်ပြဆွေးနွေးခဲ့သည်။  ဆက်လက်၍   မြို့နယ်ဦးစီးမှူး  ဦးရဲဝင်အောင်နှင့် ဝန်ထမ်းများက    အသီးသီး အပြန်အလှန် ဆွေးနွေးခဲ့ကြ ကြောင်းသိရသည်။

ကျော်မျိုးနိုင်(တောင်သာ)