တောင်သာ အောက်တိုဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရေးနှိုးဆော်ခြင်းကို အောက်တိုဘာလ(၁၂)ရက်၊ နံနက်(၉)နာရီ အချိန်ကလိုက်လံအသိပညာပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။
အဆိုပါနှိုဆော်ချက်များတွင် အသက်(၁၂)နှစ်အထက် ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများအား (၁၆-၁၀-၂၀၂၁) ရက်နေ့မှစ၍ (Sinovac) ကာကွယ်ဆေးများကိုဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ပြီး ကျေးရွာများသို့ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးရာတွင်အခက်အခဲမရှိရအောင် စုရပ်များဖြစ်ကျသော ဝဲလောင်ကျေးရွာ၊ ကျောဇီ ကျေးရွာ၊ ရုံးစည်ကြီးကျေးရွာ၊ဆင်ဖြူကျေးရွာ၊ တောင်သာ(အ.ထ.က)ကျောင်းများသို့ ကျောင်းသား/ကျောင်းသူများ လာရောက်ထိုးနှံကြပါရန်၊ မိဘအုပ်ထိန်းသူများ၏ ခွင့်ပြုချက်များနှင့် မှတ်ပုံတင်များယူဆောင်ခြင်း၊ မှတ်ပုံတင်မရှိပါက မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်းအား ဦးစီးဌာနမှဆက်လက်လုပ်ဆောင် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တောင်သာမြို့နယ် ရပ်ကွက်များသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်သဘာဝဘေးနှင့် စီမံခန့်ခွဲရေး ဦးစီးဌာနတို့ကပူးပေါင်း ဆောင်ရွက်၍လိုက်လံ အသိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။
ကျော်မျိုးနိုင်(တောင်သာ)