တောင်သာမြို့နယ်၌ ၂၀၂၁ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ဒုတိယအကြိမ် ဆက်လက် ထုတ်ပေးလျက်ရှိ

တောင်သာ အောက်တိုဘာ ၁၂

         

မန္တလေးတိုင်းဒေသကြီး  မြင်းခြံခရိုင်  တောင်သာမြို့နယ်၌ မြန်မာ့လယ်ယာ ဖွံ့ဖြိုး ရေးဘဏ်မှ၂၀၂၁ ခုနှစ်၊ ဘဏ္ဍာရေးနှစ်  မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို  ကျေးလက် နေပြည်သူများအား ယနေ့ နံနက်(၉)နာရီခွဲအချိန်က ကျေးရွာအုပ်စု (၂၈) အုပ်စု၊ သီးနှံ စိုက်ဧက(၅၄၇၉)ဧကတို့အတွက်   စုစုပေါင်းချေးငွေကျပ် (၅၆၃၆) သိန်းကို ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။

         

မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ အနေဖြင့် မေလ(၂၆)ရက်နေ့မှ စတင်၍ယနေ့ အထိကျေးရွာ အုပ်စု(၂၈)အုပ်စုရှိ တောင်သူဦးရေ(၈၁၈)ဦး၊ စပါး(၃၁၄)ဧက ၊မြေပဲ ၂၈၁၇) ဧက၊နှမ်း(၂၀၁၆)ဧက၊ပဲစဉ် ငုံ(၂၃၇)ဧကနှင့် အခြားစိုက်ပျိုးဧက (၅၄၇၉) ဧကတို့အတွက် ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ဒုတိယအကြိမ် အဖြစ် စုစုပေါင်း(၅၆၃၆)သိန်း ကိုထုတ်ပေး ခဲ့ကြောင်းသိရသည်။

 

မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးပေးရန် ကျန်ရှိနေသေသည့် ကျေးရွာများမှ တောင်သူများကိုလည်း သတ်မှတ်ကာလတွင် ဆက်လက် ထုတ်ချေးပေးသွားမည်ဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးစည်းကမ်းချက်များ နှင့်အညီစနစ်တကျထုတ်ချေးပေး လျက်ရှိကြောင်းသိရသည်။

ကျော်မျိုးနိုင်(တောင်သာ)