မြစ်ကြီးနား အောက်တိုဘာ ၁၂
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် တည် ဆောက်ပြီးစီးသည့် အမှတ်(၂)ဈေးသစ် ဖွင့်ပွဲအခမ်းနားကို ယနေ့ နံနက် ၈ နာရီ တွင် ဝိုင်းမော်မြို့ အမှတ် (၂)ရပ်ကွက်၊ ဝါရှောင်သွားလမ်းမဘေးရှိ အဆိုပါ ဈေးသစ်အဆောက် အအုံနေရာ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ကြသည်။
ဈေးသစ်ဖွင့်ပွဲတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးတင်မောင်ထွေး က အမှတ် (၂)ဈေးသစ် တည်ဆောက်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး အမှတ် (၂)ဈေး သစ်ကို တာဝန်ယူဆောက်လုပ်ခဲ့သည့် မြစ်ကြီးနားညီအစ်ကိုများစပ်တူကုမ္ပဏီဥက္ကဋ္ဌ ဦးဇခုန်ယိန်း ချမ်းက အမှတ် (၂)ဈေးသစ် တာဝန်ယူတည်ဆောက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြ သည်။
ထို့နောက် အမှတ် (၂)ဈေးသစ်ကို ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်စည် ပင်သာယာရေးအဖွဲ့ ယာယီညွှန်ကြားရေးမှူး ဦးကျော်လင်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မင်းဦး၊ ကုမ္ပဏီဥက္ကဋ္ဌ ဦးဇခုန်ယိန်းချမ်း၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့အမျုဆောင်အရာရှိတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဈေးသစ် ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကာ အမှတ် (၂)ဈေးသစ်အတွင်း ဆိုင်ခန်းပေါင်း ၃၁၁ ခန်း ဖြင့် ဖွဲ့စည်းတည်ဆောက်ပြီးစီးမှုအခြေအနေများ၊ ပျံကျဈေးဆိုင ်ခန်းများနှင့် ဈေးခေါင်းရုံး၊ မီးဘေး အန္တရာယ်အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး ဈေးအတွင်း သား/ငါးရောင်းချမှုကို အားပေးခဲ့ကြသည်။
အဆိုပါ ဝိုင်းမော်မြို့ အမှတ် (၂)ဈေးသစ်ကို မြို့၏လိုအပ်ချက်အရ ဝိုင်းမော်- ဆဒုံး-ကန်ပိုက်တီသွားလမ်းပေါ်ရှိ စည်ပင်သာယာရေးအဖွဲ့ပိုင် ၂.၃၆၂ ဧကပေါ်တွင် ရင်းနှီးမြှုပ်နှံမှု ပမာဏကျပ်သန်း ၂၅၀၈.၁၆ သန်းဖြင့် ၇.၅.၂၀၂၀ ရက်နေ့မှ စတင်၍ ပျံကျဈေးဆိုင်ခန်းများ အပါအဝင် ဆိုင်ခန်းပေါင်း ၃၃၁ ခန်းဖြင့် တစ်ထပ်အဆောက်အဦ ဖြစ်ကြောင်း သိရှိရသည်။
ပြည်နယ်ပြန်/ဆက်