ကျိန္တလီမြို့၌ အသက်(၁၈)နှစ်အထက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယနေ့ဆက်လက် ထိုးနှံပေးလျက်ရှိ

 

ကျိန္တလီ       အောက်တိုဘာ  ၁၂

 

ရခိုင်ပြည်နယ် ၊ သံတွဲခရိုင် ၊ ကျိန္တလီမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ကျိန္တလီမြို့ အထွေထွေ အုပ်ချုပ်ရေးအစည်းအဝေးခန်းမစုရပ်၌ အောက်တိုဘာ  ၁၂ ရက်နေ့ နံနက် ၉ နာရီအချိန်မှညနေ(၃) နာရီအချိန်ထိ ရှောက်ကုန်းကျေးရွာအုပ်စု၊ သဲကုန်းကျေးရွာအုပ်စု၊ တောင်ပတ်လည်ကျေးရွာအုပ်စုတို့မှ အသက်(၁၈)နှစ် အထက်ပြည်သူများအား ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

 

ထိုသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးရန် ရောက်ရှိလာသောပြည်သူများအား လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အထောက်အပြုအဖွဲ့များက မိမိတို့ကျေးရွာအုပ်စုများမှ အသက်(၁၈)နှစ်အထက်ပြည် သူများအား အမှတ်စဉ်နံပါတ်များပေးအပ်ထားပြီး သက်ဆိုင်ရာ ကျေးရွာအုပ်စုများမှ စာရေးဝန်ထမ်းများက ကာကွယ် ဆေးထိုးနှံရာနေရာသို့ တစ်ယောက်ချင်း အမှတ်စဉ်နံပါတ်များ အားခေါ်ယူပြီး  ကာကွယ်ဆေးမထိုးမီ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန စာရေးဝန်ထမ်းများက စာရင်းမှတ် တမ်းများရေးသွင်းခြင်း ၊ ကျန်းမာရေးဝန်ထမ်းများက အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်းချိန်တိုင်း တာခြင်း၊ သွေးတွင်းအောက်ဆီဂျင် ပမာဏတိုင်းပေးခြင်းစသည့် ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပြီးမှ ကာကွယ်ဆေးကိုထိုးနှံပေးကြောင်းနှင့် ကာကွယ်ဆေးထိုးနှံပြီးပါက မိနစ်(၃၀)ကြာကြည့်ရှု စောင့်ရှောက်မှုပြု လုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

 

ဆက်လက်၍ ကျိန္တလီနယ်မြေရဲစခန်းမှ လုံခြုံရေးတပ်ဖွဲ့ဝင်များ ၊ မီးသတ်တပ်ဖွဲ့ဝင်များကဆေးလာ ရောက်ထိုးနှံသူ များအား ကူညီလုပ်ကိုင်ဆောင်ရွက်ပေးလျက်ရှိပြီး ရှောက်ကုန်းကျေးရွာအုပ်စုမှအသက် (၁၈)နှစ်အထက်ပြည်သူ (၃၇၃)ဦး ၊ သဲကုန်းကျေးရွာအုပ်စုမှ အသက်(၁၈)နှစ်အထက်ပြည်သူ(၂၃၆)ဦး ၊ တောင်ပတ်လည်ကျေးရွာအုပ်စုမှ အသက်(၁၈)နှစ်အထက်ပြည်သူ(၇၀)ဦး ပြည်သူစုစုပေါင်း (၆၇၉)ဦးတို့အား  ဒုတိယနေ့ဆက်လက်ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။

 

ခိုင်မိုးမင်း