မြင်းခြံ အောက်တိုဘာ ၁၁
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် မြင်းခြံမြို့နယ်တွင် ဒုတိယအသုတ် ပထမ အကြိမ်အဖြစ် အသက်(၅၅)နှစ်အထက် ပြည်သူ များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးများကို မြင်းခြံမြို့နယ်အတွင်းမှ ထနောင်းတိုင်၊ကွမ်းစိုက်၊ပျော်ဘွယ်၊ တလုတ် ၊နွားဘူး အိုင်၊ဆီမီးခုံနှင့် ဆင်းဂွတ်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲ(၇)ခုနှင့် မြင်းခြံမြို့၊အမှတ်(၂)ရပ်ကွက်ရှိ ရွှေပြည်စိုးသာသနာ့ ဗိမာန်တို့တွင် နေ့စဉ်ထိုးနှံပေး လျက်ရှိကြောင်းသိရှိရသည်။
မြင်းခြံမြို့နယ်တွင် အောက်တိုဘာ ၁၁ရက်နေ့တွင် မြင်းခြံမြို့နယ်မှ အသက်(၅၅)နှစ် အထက်ပြည်သူ(၅၄၄၅)ဦးကို ဒုတိယ အသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးပေးနိုင်ခဲ့သည်။
အဆိုပါ ဒုတိယအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသူ စုစုပေါင်း(၃၈၈၄၆)ဦးရှိပြီး အခြားကျန်ရှိနေ သူများကိုလည်း ကျန်းမာရေးဝန် ကြီးဌာန၏ သတ်မှတ်ဦးစားပေးအလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ခရိုင်ပြန်/ဆက်