ရမည်းသင်း အောက်တိုဘာ-၁၂
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်အတွင်း အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံ ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ရမည်းသင်းခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် အမှတ်(၃)စစ်အခြေခံလေ့ကျင့်ေရးတပ်၊တပ်နယ်မှူးဗိုလ်မှူးကြီး ဇော်မြင့်ဦးနှင့်ရမည်းသင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းတို့ကအမှာစကား ပြောကြားပြီးရမည်းသင်းမြို့နယ်နှင့်ပျော်ဘွယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တို့မှအသက်၁၂နှစ် အထက်ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးပြီး မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ မြင့်မြင့်မော်မှအသက် ၁၂နှစ်အထက် ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် မိဘအုပ်ထိန်းသူ၏ သဘောတူညီချက် လိုအပ်ကြောင်းနှင့် ကျန်းမာရေးဝန်ထမ်းများက ဆေးထိုးနှံပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများဆွေးနွေးတင်ပြပြီး ခရိုင်ရဲတပ်ဖွဲ့မှူးဒုရဲမှူးကြီးမင်းဝင်းစိုးက လုံခြုံရေး ဆိုင်ရာများကိုရှင်းလင်းတင်ပြသည်။
ထို့နောက် ခရိုင်ပညာရေးမှူးဦးဌေးဝင်းက ထက်/လယ် ကျောင်းအုပ်ဆရာ၊ ဆရာမကြီး များဌာနဆိုင်ရာများက အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများအား သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်သိမ့်သိမ့်မျိုးက ကျောင်းသား၊ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရေးအသိပညာပေး ပိုစတာစိုက်ထူးရေးရှင်းလင်းတင်ပြရာ တပ်နယ်မှူးဗိုလ်မှူးကြီးဇော်မြင့်ဦးနှင့် ရမည်းသင်းခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းတို့က ဆွေးနွေး တင်ပြချက် များအပေါ် လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြသည်။
ရမည်းသင်းခရိုင်အတွင်းရိှရမည်းသင်းမြို့နယ်၌အခြေခံပညာကျောင်း၊ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့်ကိုယ်ပိုင်အထက်တန်းကျောင်းများရှိကျောင်းသား၊
ကျောင်းသူများအားကာကွယ်ဆေးထိုးစုရပ်(၇၃)နေရာ၌အသက်၁၂ နှစ်အထက် ကျောင်းသား၊ကျောင်းသူ (၁၆၁၇၄) ဦး နှင့် ပျော်ဘွယ်မြို့နယ်၌ကာကွယ်ဆေးထိုးစုရပ်(၁၈)နေရာ၌ကအသက်၁၂ နှစ်အထက် ကျောင်းသား ကျောင်းသူ (၁၈၂၀၁)ဦး၊ စုစုပေါင်း(၃၄၃၇၅)ဦး ကိုအောက်တိုဘာ ၁၆ရက် မှ ၂၂ရက်နေ့ထိကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ပြီး ကာကွယ်ဆေးထိုး ရာတွင် အဆင်ပြေ ချောမွေ့စေရေးအတွက် ခရိုင်၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သက်ဆိုင် ရာဌာနဆိုင်ရာများ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။
ဇော်ဝင်းအောင်(ခရိုင် ပြန်/ဆက်)