ဟိုပန်မြို့တွင် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ(၄)ဦး ထပ်မံတွေ့ရှိ

ဟိုပန်        အောက်တိုဘာ    ၁၁

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့တွင် ယမန်နေ့က ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သံသယလူနာ(၂၇)ဦးအား RDT Test Kit ဖြင့် စစ်ဆေးချက်အရ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၄)ဦး တွေ့ရှိခဲ့ကြောင်းသိရသည်။

လူနာများမှာ  ဈေးရပ်ကွက်မှ အမျိုးသား(၂)ဦး၊ မိန်းပန်း(၀)ရပ်ကွက်မှအမျိုးသမီး(၁)ဦး၊ ကွမ်းလုံမြို့၊ ကောင်းကျဲကျေးရွာမှ အမျိုးသမီး(၁)ဦး၊စုစုပေါင်း(၄)ဦးတို့ဖြစ်ပြီး ကောင်းကျဲကျေးရွာမှ လူနာအမျိုးသမီးမှ ကိုဗစ်-၁၉ရောဂါဖြင့် သေဆုံးခဲ့ပါသည်။ကျန်လူနာများအား  ပြည်သူ့ဆေးရုံ သီးခြားကြပ်မတ်ကုသဆောင်နှင့် မြို့နယ်အားကစားကွင်း Quarantine Center တွင် ထားရှိကာ ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပါသည်။

ဟိုပန်မြို့နယ်တွင် အောက်တိုဘာလ ၁၁ ရက်နေ့ထိ ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာ(၄၀၁)ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ(၃၅၁)ဦး၊ ဆေးကုသလျက်ရှိသူ(၄၃)ဦးနှင့် သေဆုံးသူ(၇)ဦးရှိခဲ့ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

 ခရိုင်ပြန်/ဆက်