တောင်ကြီး အောက်တိုဘာ ၁၁
၂၀၂၁ ခုနှစ် အောက်တိုဘာ(၁)ရက်နေ့တွင် ကျရောက်ခဲ့သော အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် ယမန်နေ့ မွန်းလွဲ(၁)နာရီက ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ ဖရဲငွေတောင်လမ်းသွယ်၊ အိမ်အမှတ် (၁၉၃)တွင်နေထိုင်သည့် မြန်မာနိုင်ငံတွင် အသက်အကြီးဆုံး အဘိုး ဦးကိုကိုကြီး အသက်(၁၂၇)အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးအောင်မြင့်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ သွားရောက်ကန်တော့ကြကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ အသက်အကြီးဆုံး ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ ဖရဲငွေတောင်လမ်းသွယ် အိမ်အမှတ်(၁၉၃)၌ နေထိုင်သည့် အဘိုး ဦးကိုကိုကြီး အသက်(၁၂၇)နှစ်အား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဂုဏ်ပြုကန်တော့ငွေကျပ် (၁၀)သိန်း၊ စောင်၊ ဆေးဝါး၊ မုန့်တို့ဖြင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက သွားရောက်ကန်တော့ခဲ့ကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)