သံတွဲ အောက်တိုဘာ ၁၂
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး( Sinopharm 1/ 5dose(BIBP)အမျိုးအစားကို သံတွဲမြို့နယ် အတွင်းရှိ အသက်(၅၅)နှစ်နှင့်အထက်ပြည်သူများနှင့် သတ်မှတ်ဦးစားပေးအုပ်စုတွင်ပါဝင်သူများအား ထိုးနှံပေးခြင်းကို အောက်တိုဘာ ၁၁ရက်နံနက် ၈နာရီမှညနေ ၄နာရီခွဲအထိ စတင်၍ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းနှင့် သက်ဆိုင်ရာကျန်းမာရေးဌာန ဆေးထိုးစင်တာ(၉)ခုတွင် ပထမအကြိမ် (ဒုတိယနေ့) အဖြစ် ထိုးနှံပေးရာ လူဦးရေ(၁၅၅၀)ဦးအားထိုးနှံ ပေးနိုင်ခဲ့ကြောင်းသိရသည်။
ယခုရောက်ရှိလာသော ကာကွယ်ဆေးများကို ယခင်က အသက် ၆၅နှစ်နှင့်အထက် သက်ကြီး ရွယ်အိုများအုပ်စုများအပြင် အစိုးရကျန်းမာရေးဝန်ထမ်း ၂ ဦး စေတနာ့ပရဟိတအဖွဲ့ ၁၉ ဦး ၊ဘုန်းတော်ကြီးများ နှင့် သာသနဝန်ထမ်းများ(၆)ဦး နိုင်ငံ့ဝန်ထမ်း ၂၆ဦး ၊ ၊ပုဂ္ဂလိကသယ်ယူ ပို့ဆောင်ရေး ဝန်ထမ်း ၁၆ဦး ၊ ဟိုတယ် ၊မိုတယ်/တည်းခိုခန်း,အစားအသောက်ဝန်ဆောင်မှုတန်ထမ်း ၈၃ ဦး၊ သယ်ယူ ပို့ဆောင်ရေးနှင့် နိုင်ငံငံတကာဝင်ထွက်ပေါက်များတွင် တာဝန်ယူထားသောလုပ်ငန်းများမှဝန်ထမ်း ၆ဦး ၊ ပို့ကုန်သွင်းကုန်လုပ်ငန်း/ကုန်ပစ္စည်းသိုလ်လှောင်ရေး လုပ်ငန်းလုပ်ဆောင်သူ ၄၂ ဦး ၊ အခြားဝင်ငွေရှိသော လုပ်ငန်းလုပ်ကိုင်သူ ၆၈၁ဦး၊ စားသောက်ကုန်ပစ္စည်းရောင်းချသူ၊ စားသောက်ဆိုင်များမှ တန်ထမ်း ၃၂၇ဦး ၊ မှီခိုသူ ၃၄၂ဦး၊ စုစုပေါင်း (၁၅၅၀)ဦး တို့အား ဆေးအလုံးရေ (၃၁၀)လုံး ထိုးနှံပေးခဲ့ကြောင်း ခရိုင် ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကိုစက်တင်ဘာ၁၀ရက်မှ အောက်တိုဘာ ၁၁ရက်နေ့ထိ ဆေးရရှိမှုအပေါ်မူတည်၍ထိုးပေးသွားမည်ဖြစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်သာစိန် နှင့်အဖွဲ့ဝင်များ ခရိုင်ဆရာဝန်ကြီးဒေါတ်တာရဲဝင်းထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများက အနီးကပ် ကြီးကြပ်လျက် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ရီရီဝင်း နှင့်အဖွဲ့ဝင်များ မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်မစောညွန့်နှင့်အဖွဲ့ဝင်များ နှင့်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ က ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးခဲ့ ကြောင်းသိရှိရသည်။
ခရိုင်(ပြန်/ဆက်)