ပေါက်တော အောက်တိုဘာ ၁၂
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၌ ဦးတည်အုပ်စု ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယ အသုတ်ဆက်လက် ထိုးနှံပေးခြင်းကို ကျေးလက်ကျန်းမာရေးဌာနစုရပ်(၉)နေရာတို့တွင် ယမန်နေ့ နံနက် (၁၀)နာရီက ဆက်ထိုးနှံပေးသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးသည့် နေရာများသို့ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများက တာဝန်ကျရာ နေရာများ ကိုသွားရောက်ကာ ကျေးရွာရှိ စေတနာ့ဝန်ထမ်းများက လိုအပ်သည်များကို ဆောင်ရွက်ပေးကြသည်။ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ကိုကိုအောင် ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်းအောက်ဆီဂျင် ပမာဏ တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းတို့ကိုပြုလုပ်ဆောင်ရွက်ကြပြီး ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးကြသည်။ ပေါက်တောမြို့နယ်၌ ကျောက်တောင်တိုက်နယ်ဆေးရုံ စုရပ်၊ကျောက်စုကျေးလက် ကျန်းမာရေးဌာန စုရပ်၊မြင့်ဂါ ကျေးလက်ကျန်းမာရေးဌာန စုရပ်၊ဆင်တက်မော် ကျေးလက်ကျန်းမာရေးဌာန စုရပ်၊ သပြေကန် ကျေးလက်ကျန်းမာရေးဌာန စုရပ်၊အလယ်ကျွန်း ကျေးလက်ကျန်းမာရေး ဌာန စုရပ်၊ချောင်းဝ ကျေးလက်ကျန်းမာရေးဌာန စုရပ်၊ဂြင်းချောင်း ကျေးလက်ကျန်းမာရေးဌာန စုရပ်၊ပြိုင်းတောင် ကျေးလက်ကျန်းမာရေးဌာန စုရပ် တို့အပါအဝင် စုရပ်(၉)နေရာတို့၌ ကာကွယ်ဆေးထိုးနှံလာကြသူ အမျိုးသား/ အမျိုးသမီး စုစုပေါင်း (၂၁၃၀)ဦးလာရောက်ထိုးနှံကြကြောင်းသိရှိရသည်။
ကျော်သန်း(ပြန်/ဆက်)