မောင်တော အောက်တိုဘာ ၁၂
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ပန်းတောပြင်(ဘင်္ဂါလီ)ကျေးရွာရှိ ပြည်သူများ အား ကိုဗစ်-၁၉ ကာ ကွယ်ဆေး ဒုတိယအကြိမ်အဖြစ် အောက်တိုဘာ ၁၁ ရက် နံနက် ၉ နာရီအချိန် အဆိုပါကျေးရွာရှိ စာသင် ကျောင်း တွင် ကျန်းမာရေး ဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များ နှင့် အညီ ဆက်လက်ထိုးနှံပေးခဲ့ကြောင်းသိရ သည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ ၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက စာရင်းများ ကောက်ယူခြင်း၊ ကျန်းမာရေးဝန်ထမ်းများအားက ကာကွယ်ဆေး လာရောက် ထိုးနှံသည့် ပြည် သူများအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာ ပေးခြင်း ၊အောက်စီဂျင်တိုင်းတာပေးခြင်း၊ ကျန်းမာ ရေး စစ်ဆေး ခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန်အခြေအနေရှိမှသာ စနစ် တကျ ကာကွယ်ဆေး ထိုးနှံပေးပြီး ထိုးနှံပြီး သည့် သူများ ကို မိနစ် ၃၀ ခန့် အနားယူစေကာ ကျန်းမာရေး စောင့် ရှောက်မှု များဆောက်ရွက်ပေးလျက်ရှိသည်။ အဆိုပါ ပန်းတော ပြင်(ဘင်္ဂါလီ)ကျေးရွာရှိ ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးစီးသူ (၂၃၄) ဦးအား ထိုးနှံပေး နိုင်ခဲ့ပြီ ဖြစ် ကြောင်း သိရ သည်။
သက်လွင်စိုး ခရိုင်(ပြန်/ဆက်)